Ep_14(zg)

375 3 0
                                    

"ကိုက်ညီတယ်"

ဒေါက်တာက သက်ထက်ခေတ်ရဲ့ခြင်ဆီနဲ့
သားဖြစ်သူနဲ့ကိုက်ညီတယ်ပြောလာသည့်အတွက် ဝမ်းသာသွားမိသည်။ကောင်လေးက
ခြင်ဆီဖောက်စစ်တဲ့အခန်းထဲမှာအနားယူ
နေတုန်း။

"ခင်ဗျားရဲ့သားအတွက် ဝမ်းသာပါတယ်
လူငယ်တစ်ယောက်ဆိုတော့ ကုထုံးအတွက်
ခံနိုင်ရည်ရှိမယ်ထင်ပါတယ်"

"ဟုတ်ကဲ့ပါ ဒေါက်တာ"

သက်ထက်ခေတ်ရှိရာဆီ သွားကြည့်ရာ
လှဲနေတုန်းဖြစ်သည်။ကိုယ့်ဘက်က
အတင်းချည်းတောင်းဆိုမိခဲ့သည်အတွက်
ဘာပြောရမယ်မှန်းမသိပေ။
ကိုက်ညီတဲ့ခြင်ဆီ ကောင်လေးဆီကရမှ
ဖြစ်မှာဆိုတော့ မပြောလို့ကလဲမဖြစ်။

"ခေတ်"

"ဘာတဲ့လဲ"

"ကိုက်ညီတယ်"

"ကျွန်တော်ပေးမယ် ပေးပြီးရင်ဦးဂုဏ်ဘက်က ကွာရှင်းပေးဖို့အသင့်ပြင်ထားပါ"

"ရူးနေတာလား သက်ထက်ခေတ်"

"ထင်ချင်သလိုထင် ခင်ဗျားကို
မြင်မြင်ချင်း ချစ်မိခဲ့တယ် ရယူလိုစိတ်မရှိဘဲ
ချစ်ပေးခဲ့ပေမဲ့ မေမေ့ကိုဆေးကုပေးရတယ်
ဆိုတဲ့စကားနဲ့ ခေတ်ကို ဦးဂုဏ်က
အနိုင်ယူခဲ့တာ"

"!သက်ထက်ခေတ်"

"ခေတ်ကိုအော်စရာမလိုဘူး ဦးဂုဏ်
လူတစ်ယောက်ကို ရိုက်နှက်နေမှ နာကျင်ရတာမဟုတ်ဘူး။ ဦးဂုဏ် ထိုးနှက်တာတွေက
သွေးမထွက်ဘဲရတဲ့ ဒဏ်ရာလိုပဲ
ခေတ်ရင်ထဲမှာ အတွင်းကြေနေသလို
ခံစားရတယ်"

"နောက်မှ ရန်တွေ့ လောလောဆယ်
အနားယူဖို့ အခန်းစီစဉ်ပေးမယ်"

"မလိုဘူး"

ခေတ် ထမယ်ဟန်ပြင်တော့ ဦးဂုဏ်က
ခေတ်ကို လာတွဲပေးသည်။
ဦးဂုဏ်ရဲ့လက်ကို ပုတ်ထုတ်ပစ်လိုက်ပြီး
ကြိုးစား၍ အခန်းထဲကထွက်ခဲ့လိုက်သည်။

ခေတ်နဲ့ကိုက်ညီတယ်ဆိုတော့
အစ်ကိုသျှားဆက်တိုးရဲ့ရောဂါပျောက်ကင်းဖို့သေချာသလောက်ရှိပြီမလို့ ပျော်မိသည်။
ပျော်မိပေမဲ့ ဦးဂုဏ်ကိုစိတ်ပျက်မိသည်။
အဆုံးထိ ရက်စက်တယ်လို့ထင်မိသည်။

Love Hate Relationship (Completed)Where stories live. Discover now