Ep_13(uni)

2.1K 82 11
                                    

ဆေးရုံက ကုတင်လေးပေါ်မှာခွေခွေလေးလှဲ၍
ကီမိုဆေးသွင်းနေရသည့်သားဖြစ်သူအနား
သွားမိရာ မျက်လုံးဖွင့်ကြည့်လာသည်။

"ဖေဖေလာတယ်"

အားတင်းကာထထိုင်တော့မည့်သားဖြစ်သူကို
မထစေဘဲ ငြိမ်ငြိမ်လေးနေဖို့ပြောလိုက်သည်။
သားက ဂုဏ်နဲ့အတူပါလာသည့်ကောင်လေးကိုစူးစမ်းသလိုကြည့်လာသည်။

"ဒါ ဖေဖေ့ရဲ့အမျိုးသား သက်ထက်ခေတ်
သားနဲ့ရွယ်တူလောက်ဖြစ်မယ်"

နှစ်လိုဖွယ်ကောင်းသည့်အပြုံးဖြင့်
ပြုံးပြလာတဲ့သူက ဖေဖေ့ရဲ့အမျိုးသားတဲ့။
ဖေဖေက အိမ်ထောင်ပြုထားတဲ့သူကိုးဟု
တွေးမိပြန်တော့ စိတ်ထဲ တစ်မျိုး
ဖြစ်မိသွားသည်။
အမျိုးသားတစ်ယောက်ဖြစ်နေသည့်အတွက်
အံ့သြမိသွားသည်။

"ဖေဖေ့ရဲ့အဘွားက သူနဲ့ဖေဖေ့ကို
လက်ထပ်စေခဲ့တာ"

"ဟုတ် ဖေဖေ"

"သက်ထက်ခေတ် ဒါ ကိုယ့်ရဲ့သား
သျှားဆက်တိုး"

"အမြန်နေကောင်းပါစေဗျ"

"ဟုတ်"

"ရောက်လာပေးတာ ဝမ်းသာတယ်ဗျာ"

"ခင်ဗျားကိုလည်း ကျေးဇူးတင်ပါတယ်
ကျွန်တော့်ရဲ့သားကို ပြုစုစောင့်ရှောက်ပေးခဲ့တာ"

"ကျေးဇူးတင်စရာမလိုပါဘူး ငယ်က
လိမ္မာတဲ့ကလေးတစ်ယောက်ပါ"

ဒေါက်....ဒေါက်

"ဝင်ခဲ့ပါဗျ"

အခန်းထဲဝင်လာတာက ဆရာဝန်တစ်ယောက်နဲ့သူနာပြုဆရာမလေးနှစ်ယောက်

"လူနာကို ရိုးတွင်းခြင်ဆီစစ်ဖို့အတွက်လာတာပါ
သူနဲ့ကိုက်ညီမဲ့ ရိုးတွင်းခြင်ဆီရှာနိုင်ရင်
ပထမဆင့်ကုသမှု့အောင်မြင်ပါမယ်"

"ဆေးသွင်းပြီးမှလား ဆရာမ"

"ဆေးချိတ်တာ ကုန်သလောက်ဖြစ်နေပြီ
ဖြုတ်ပေးပါ့မယ်"

ရိုးတွင်းခြင်ဆီဖောက်စစ်တာ ဘယ်လိုမျိုးလဲ
မသိသေးသည့်အတွက် စိတ်ထဲဘယ်လိုမှ
မနေပေ။ကီမိုဆေးသွင်းရတာ လူကနှုံးနေတာ
ဆိုတော့ ဦးခွန်ကိုအားကိုးတကြီး
မော့ကြည့်မိသည်။ဦးခွန်က အလိုက်တသိ
အနားရောက်လာပေးကာကိုယ့်ရဲ့လက်ကို
ကိုင်ပေးပြီး နှစ်သိမ့်ပေးလာသည်။

Love Hate Relationship (Completed)Where stories live. Discover now