2019 Oct 3မှာ စရေးခဲ့တဲ့သူမဝတ္ထုလေးကို 5နှစ်ပြည့်အမှတ်တရအနေနဲ့ပြန်တင်တာပါ။
Bl verအနေနဲ့ဆို KaiHun(EXO fan ficအနေနဲ့ပြောင်းတင်ထားတာရှိပါတယ်)°°°သူမ°°°
အပိုင်း(၁)မိဘစကားကို အမြဲတမ်းမြေဝယ်မကျနားထောင်ခဲ့မိတာကို ယခုအချိန်တွင်ကိုယ်တကယ် နောင်တရချင်မိသည်။
ကိုယ်တိုင်ကဆိုးသွမ်းနေသူတစ်ယောက်မဟုတ်သည့်အပြင် မိဘစိတ်ညစ်မှာကို မလိုလားတာမို့ မိဘကတစ်ခုခုပြောတိုင်း ခေါင်းငြိမ့်ခဲ့တာချည်းဖြစ်သည်။
ဆွေမျိုးအသိုင်းအဝိုင်းကြားတွင်လဲ ဦးမိုးနှင်း နှင့်ဒေါ်ထိပ်ထားတို့ရဲ့သား
ကိုယ်ဟာ သားလိမ္မာတစ်ယောက်အဖြစ် နာမည်ကြီးသည်။
အမြဲတမ်း ကိုယ့်ကြောင့် မိဘတွေက မျက်နှာပျက်သည်ဟုမရှိခဲ့ဘဲ ဂုဏ်ယူခဲ့ရသည်ချည်းသာ။သူငယ်ချင်းအပေါင်းအသင်းများကြားတွင်လည်း
ထိုနည်းတူစွာပင်။
မိဘလက်ရင်း ကုမ္မဏီကို ကျောင်းပြီးချိန်ကတည်းက လွှဲပြောင်းယူကာ ဦးစီးနေခြင်း။မိဘနှစ်ပါးမျှော်လင့်ထားသလိုပင်
ကိုယ်ဟာ အတိုင်းအတာတစ်ခုထိအောင်မြင်ခဲ့သူဖြစ်သည်။
မငယ်တော့တဲ့အသက်အရွယ်ရောက်နေပြီမို့
စိတ်တိုင်းကျ ချစ်သူရည်းစားတစ်ယောက်ကို
ရွေးချယ်ခဲ့သည်။
ကန့်ကွက်ချင်းမရှိသည့် မိဘနှစ်ပါးက
ယခုအခါတွင် သူတို့စိတ်တိုင်းက အိမ်ထောင်ချပေးချင်လာကြသည်။ကိုယ့်ရဲ့အရာရာတိုင်းကို မိဘတွေစီမံတဲ့အတိုင်း
နေထိုင်ခဲ့ပေမဲ့ ယခုနှလုံးသားရေးရာတွင်တော့
မိဘတွေစီမံတာကို ကိုယ်လက်မခံချင်။
ချစ်သူရှိနေတာသိရက်နဲ့ စီစဉ်သည့် မိဘနှစ်ပါးကို အကျိုးအကြောင်းမေးတော့လဲ
သင့်တော်မယ်ထင်လို့ ဆိုသည့်စကားကလွဲပြီး
ဘာမှထပ်မကြားရတော့။သားလိမ္မာတစ်ယောက်အဖြစ်ဆက်လက်တည်ရှိဖို့ ကိုယ်ဟာချစ်သူကို စွန့်ပယ်ရမည်လား။
သို့မဟုတ် သားမိုက်ဟူသော ဂုဏ်ဒြပ်ကိုခံယူရန် ချစ်သူကိုရွေးချယ်လိုက်ရမည်လား။စိတ်ရှုပ်စရာကောင်းလွန်းသည့် အခြေအနေသည် ရှောင်ထွက်ယုံနှင့်လဲပြေလည်သွားနိုင်မည်မထင်။
ကိုယ် အဘယ်သို့ ဆုံးဖြတ်သင့်သနည်း။