°°°သူမ°°°
အပိုင်း(၄၄)မှောင်မဲသော အခန်းငယ်တစ်ခုအတွင်းမှ
အနည်းငယ်လှုပ်ရှားနေသော ပုံရိပ်တစ်ခု။
ညိုညစ်ညစ်နံရံကိုမျက်နှာမူကာ လက်ချောင်းလေးတွေ ဟိုဒီရွေ့လျားကာ မျက်ဝန်းကြည်ကြည်လေးများဖြင့် လိုက်ကြည့်နေသော မိန်းမငယ်။ထိုမိန်းမငယ်၏အသိအာရုံတို့သည် လက်ချောင်းတို့၏လှုပ်ရှားမှု၌သာ ဖြစ်တည်လျှက်။
အဘယ်ကြောင့်များ လက်ချောင်းလေးတွေ ရွေ့လျားနေသနည်း။
စဉ်းစားနိုင်စွမ်းမရှိဘဲ ဗလာကျင်းနေသော မိန်းမငယ်၏ အသိစိတ်။တစ်ဖန် အခန်းနံရံတို့ကို လက်သည်းချွန်များဖြင့်ကုတ်ခြစ်ပြန်သည်။
လက်ကိုကြည့်လိုက် နံရံကိုကြည့်လိုက်ဖြင့်
သူမအိပ်နေရမှာ ထကာ သေးငယ်သော တံခါးအပေါက်လေးရှိရာသို့ လှည့်ကြည့်လာသည်။ထိုတံခါးပေါက်ငယ်မှ လှမ်းကြည့်နေသော
မျက်ဝန်းတစ်စုံကိုမြင်တော့ သူမအပြေးရောက်လာသည်။"ဝဠာ……လာခေါ်တာလားဟင်"
သူမသည် အရာအားလုံးကို မေ့လျော့သွားသော်လည်း အမည်နာမတစ်ခုကိုတော့ သတိရနေတက်သည်။
အချိန်တိုင်းလိုလို ထိုနာမည်ကို ခေါ်နေလေ့ရှိသည်။အားတက်သရော သူမမေးလိုက်သော်လည်း
ပြန်မဖြေသည့် မျက်ဝန်းပိုင်ရှင်ကြောင့်သူမဝေတွေသွားပြန်သည်။"ဝဠာ မဟုတ်ဘူးပဲ……
သူ့မျက်လုံးတွေက အဲ့ဒီလိုမှမဟုတ်ပါ"ခေါင်းလေးစောင်းကာ တစ်ကိုယ်ထဲရေရွတ်ပြီး
စောစောကအိပ်နေသော အခန်းထောင့်လေးစီသူမပြန်သွားသည်။ခန္ဓာကိုယ်ကိုကျုံ့ကာထိုင်နေလိုက်ပြီး
ဒူးနှစ်ဖက်ကို လက်နဲ့ပိုက်ကာ သူမတအိအိငို
ကြွေးသည်။
တစ်သိမ့်သိမ့်တုန်နေသော ခန္ဓာငယ်ကိုကြည့်ကာ အပြင်မှကြည့်နေသော ကောင်လေး၏
ရင်ထဲ၌ အတိုင်းအဆမဲ့စွာနာကျင်နေရသည်။"မိုးရိပ်ရယ်……"
တုန်ရီနေသော ခန္ဓာကိုယ်လေးကို ထွေးပွေ့ချင်သောလည်း မဖြစ်နိုင်ပြန်။
အေးစက်နေမည့်လက်ကလေးတွေကို ဆုပ်ကိုင်ထားချင်သော်လည်း အခွင့်အရေးမရှိ။
ချစ်ရတဲ့ ထိုမိန်းကလေးဟာ ဘယ်သူနဲ့မှပတ်သက်လို့မရနိုင်သည့် အခန်းငယ်မှာ အကျဉ်းကျနေခဲ့သည်မဟုတ်လား။