1

9.9K 89 7
                                    

2019 Oct 3မှာ စရေးခဲ့တဲ့သူမဝတ္ထုလေးကို 5နှစ်ပြည့်အမှတ်တရအနေနဲ့ပြန်တင်တာပါ။
Bl verအနေနဲ့ဆို KaiHun(EXO fan ficအနေနဲ့ပြောင်းတင်ထားတာရှိပါတယ်)

°°°သူမ°°°
              အပိုင်း(၁)

မိဘစကားကို အမြဲတမ်းမြေဝယ်မကျနားထောင်ခဲ့မိတာကို ယခုအချိန်တွင်ကိုယ်တကယ် နောင်တရချင်မိသည်။

ကိုယ်တိုင်ကဆိုးသွမ်းနေသူတစ်ယောက်မဟုတ်သည့်အပြင် မိဘစိတ်ညစ်မှာကို မလိုလားတာမို့ မိဘကတစ်ခုခုပြောတိုင်း ခေါင်းငြိမ့်ခဲ့တာချည်းဖြစ်သည်။

ဆွေမျိုးအသိုင်းအဝိုင်းကြားတွင်လဲ ဦးမိုးနှင်း နှင့်ဒေါ်ထိပ်ထားတို့ရဲ့သား
ကိုယ်ဟာ သားလိမ္မာတစ်ယောက်အဖြစ် နာမည်ကြီးသည်။
အမြဲတမ်း ကိုယ့်ကြောင့် မိဘတွေက မျက်နှာပျက်သည်ဟုမရှိခဲ့ဘဲ ဂုဏ်ယူခဲ့ရသည်ချည်းသာ။

သူငယ်ချင်းအပေါင်းအသင်းများကြားတွင်လည်း
ထိုနည်းတူစွာပင်။
မိဘလက်ရင်း ကုမ္မဏီကို ကျောင်းပြီးချိန်ကတည်းက လွှဲပြောင်းယူကာ ဦးစီးနေခြင်း။

မိဘနှစ်ပါးမျှော်လင့်ထားသလိုပင်
ကိုယ်ဟာ အတိုင်းအတာတစ်ခုထိအောင်မြင်ခဲ့သူဖြစ်သည်။
မငယ်တော့တဲ့အသက်အရွယ်ရောက်နေပြီမို့
စိတ်တိုင်းကျ ချစ်သူရည်းစားတစ်ယောက်ကို
ရွေးချယ်ခဲ့သည်။
ကန့်ကွက်ချင်းမရှိသည့် မိဘနှစ်ပါးက
ယခုအခါတွင် သူတို့စိတ်တိုင်းက အိမ်ထောင်ချပေးချင်လာကြသည်။

ကိုယ့်ရဲ့အရာရာတိုင်းကို မိဘတွေစီမံတဲ့အတိုင်း
နေထိုင်ခဲ့ပေမဲ့ ယခုနှလုံးသားရေးရာတွင်တော့
မိဘတွေစီမံတာကို ကိုယ်လက်မခံချင်။
ချစ်သူရှိနေတာသိရက်နဲ့ စီစဉ်သည့် မိဘနှစ်ပါးကို အကျိုးအကြောင်းမေးတော့လဲ
သင့်တော်မယ်ထင်လို့ ဆိုသည့်စကားကလွဲပြီး
ဘာမှထပ်မကြားရတော့။

သားလိမ္မာတစ်ယောက်အဖြစ်ဆက်လက်တည်ရှိဖို့ ကိုယ်ဟာချစ်သူကို စွန့်ပယ်ရမည်လား။
သို့မဟုတ် သားမိုက်ဟူသော ဂုဏ်ဒြပ်ကိုခံယူရန် ချစ်သူကိုရွေးချယ်လိုက်ရမည်လား။

စိတ်ရှုပ်စရာကောင်းလွန်းသည့် အခြေအနေသည် ရှောင်ထွက်ယုံနှင့်လဲပြေလည်သွားနိုင်မည်မထင်။
ကိုယ် အဘယ်သို့ ဆုံးဖြတ်သင့်သနည်း။

👑 သူမ 👑 [Completed]Where stories live. Discover now