°°°သူမ°°°
အပိုင်း(၂၃)"ပန်းလေး ဆေးရုံကဆင်းရအောင်"
"ဆင်းလို့ရပြီတဲ့လား"
"အင်း ဒီမှာပန်းလေးအတွက်အဝတ်စားဝယ်လာတယ် လဲလိုက်နော်"
"ဟုတ်"
အဝတ်စားလဲပြီးပြန်ထွက်လာသည့် ပန်းလေးကိုကြည့်လို့မဝနိုင်။
ပန်းလေးဝတ်နေကျပုံစံအတိုင်း ရိုးရိုးထဘီလေးနှင့် ရယ်ဒီမိတ်အကျီ င်္လေးသာဖြစ်နေမဲ့
ကိုယ့်မျက်လုံးထဲမှာ ပန်းလေးကနတ်သမီးတမျှလှသည်။"အိမ်ပြန်မှာလားဟင်"
ကိုယ့်အကျီ င်္လက်ကိုဆွဲကာ ကလေးတစ်ယောက်လိုမေးလာသည်။
ပန်းလေးအိမ်ကိုပြန်ရမှာကြောက်နေမှန်းကိုယ်သိသည်။
မေမေပြောသွားတဲ့စကားတွေကို
ပန်းလေးလဲကြားတာမို့ အထွေအထူးမမေးဖြစ်။"အိမ်မပြန်ဘဲ တိုက်ခန်းမှာနေကြမလား"
"အဲ့လိုလုပ်လို့ရလား သူ့မေမေက ဆူရင်ဘယ်လိုလုပ်မလဲ"
"မဆူပါဘူး မောင်က ကလေးမှမဟုတ်တာ
နေရာတိုင်းမေမေ့စကားကိုနားမထောင်ချင်ပေမဲ့
ဒီတခါအိမ်ပေါ်ကဆင်းဆိုတာကိုတော့ နားထောင်လိုက်မယ်""ဟင်………"
"ခဏနော်ပန်းလေး မောင်သူငယ်ချင်းစီဖုန်းဆက်လိုက်အုံးမယ်"
ပန်းလေးကခွင့်ပြုသည်နှင့် လင်းရောင်စီကို ချက်ချင်းဖုန်းခေါ်လိုက်သည်။
လင်းရောင်ဖုန်းကို တမ်းကိုင်သော်လည်း
ဆဲလိုက်သည်မို့ ကိုယ့်မှာဘာဆက်ပြောရမှန်းပင်မသိ။"လင်းရောင် ကိုယ်ပါ မင်းဘယ်သူ့ကိုဆဲနေတာလဲ"
*ဟင် အေး ဝဠာ sorry
ငါကနေခမှတ်လို့ နာမည်မကြည့်လိုက်မိဘူး
ပြော ဘာကိစ္စလဲ*"မင်းတိုက်ခန်းမှာ ကိုယ်တို့ခဏလောက်နေလို့ရမလား"
*ကိုယ်တို့ဆိုတော့ သာယာနဲ့လား*
"အင်း ဒီနေ့ပဲဆေးရုံကဆင်းလို့
အိမ်ခေါ်သွားဖို့ အဆင်မပြေလို့"*အော် ရတယ်လေ နေပေါ့
ငါသော့ယူခဲ့လိုက်မယ် မင်းတို့တိုက်ခန်းကိုလာခဲ့ကြလေ*