°°°သူမ°°°
အပိုင်း(၁၂)မိုးရိပ်မမအတွက် မနက်စာပြင်ပြီးအခန်းထဲဝင်လာတော့ မမကဘာကိုအလိုမကျသည်အသိ မျက်နှာဆူကာထိုင်နေသည်။
မနက်ကမိုးရိပ်ဆေးတစ်လုံးထိုးပေးထားလို့
နေလို့ကောင်းနေမှာတော့အမှန်ပင်။
စင်္ကာပူမှာနေစဉ် မိုးရိပ်ရဲ့သူငယ်ချင်းတစ်ယောင်က ဆေးဘက်ဆိုင်ရာကမို့ တချို့ဆေးတွေကို
မိုးရိပ်လဲသိနားလည်ထားခြင်း။"မမ ခေါင်းနောက်နေသေးလား
ဘယ်လိုနေလဲ""ဘယ်လိုမှမနေဘူး ဘယ်အချိန်ပြီလဲဟင်မိုးရိပ်"
"9နာရီ"
"ဟင် မမအဲ့လောက်တောင်အိပ်ပျော်နေတာလား ကုမ္မဏီသွားဖို့တောင်နောက်ကျနေပြီ"
"မမအိမ်မှာပဲနားလိုက်အုံး
ကုမ္မဏီကိုမိုးရိပ်ပဲသွားပေးမယ်""မဖြစ်ပါဘူးမိုးရိပ်ရယ် ကုမ္မဏီမှာက အလုပ်တွေအများကြီး မိုးရိပ်ကအတွေ့အကြုံမရှိသေးဘူးလေ"
"မမ မိုးရိပ်ပြောတာကိုနားထောင်ပါ
မမကိုမပင်ပန်းစေချင်လို့"မိုးရိပ်မမမျက်လုံးထဲကို စိုက်ကြည့်ပြီးပြောတော့
မမကခေါင်းငြိမ့်လာသည်။"အင်း ဒါဆိုမမအိမ်မှာပဲ နေတော့မယ်
မမဗိုက်ဆာနေပြီ""အဆင်သင့်ပဲ မျက်နှာသွားသစ်တော့
ပြီးရင်ဆင်းခဲ့""အင်း မိုးရိပ်လဲအဝတ်စားလဲလေ
အလုပ်နောက်ကျလိမ့်မယ်""ဟုတ်ကဲ့ပါ"
မမရေချိုးခန်းထဲဝင်သွားမှ မမဗီဒိုထဲက ကုမ္မဏီသွားလျှင်ဝတ်တက်သည့် အဝတ်စားကိုထုတ်ကာ လဲလိုက်သည်။
"ဟယ် မိုးရိပ်ဘာလို့မမအင်္ကျီဝတ်ထားတာလဲ"
"ကုမ္မဏီသူဌေးမနဲ့တူတဲ့အင်္ကျီမှမိုးရိပ်စီမရှိတာ
အဲ့ဒါကြောင့် မမအင်္ကျီယူဝတ်လိုက်တာ
မိုးရိပ်နဲ့ကွက်တိပဲလေ""အင်း ဟုတ်သားပဲ ညီမလေးက
လိုက်ဖက်လိုက်တာ ""လာ မမ မနက်စာစားရအောင်"
မမအတွက်မိုးရိပ်ပဲမနက်စာထည့်ပေးလိုက်သည်။
"မိုးရိပ်ကမနက်စာသိပ်မကျွမ်းတော့ အဆင်ပြေသလိုပဲလုပ်ထားလိုက်တာ"