°°°သူမ°°°
အပိုင်း(၂၅)ဒုတိယအကြိမ်ထပ်မြည်လာသောဖုန်းကြောင့် ခုတင်ပေါ်ကဆင်းကာ ဖုန်းကိုင်လိုက်ပြီး အခန်းပြင်ထွက်လာခဲ့လိုက်သည်။
"အင်း ……မေပြော"
*ဝဠာဒီနေ့အလုပ်သွားမယ်မဟုတ်လား
အန်ကယ်ပြောနေတာကြားလို့*"ဟုတ်တယ် ကိုယ်အလုပ်တွေပစ်ထားတာ
ကြာပြီမို့ ဒီနေ့သွားမှာ"*အဲ့ဒါမေ့ကိုလာခေါ်ပေးပါလား
မေ့ကားက အင်ဂျင်မကောင်းလို့ ဝပ်ရှော့ခ်ပို့ရမယ်ထင်တယ်*"အော် ဘယ်လိုလုပ်မလဲမေ
ကိုယ်ကသူငယ်ချင်းအိမ်မှာ ခဏရောက်နေတာဆိုတော့ အိမ်ကိုပြန်လာဖြစ်မှာမဟုတ်ဘူး
ဒီကနေပဲ ကုမ္မဏီကို တခါထဲသွားမှာ"*ဝဠာ့ကားကိုမောင်းတဲ့ဒရိုက်ဘာကအိမ်မှာလေ
သူနဲ့လိုက်ခဲ့လို့ရတာပဲ အဆင်မပြေဘူးလား*"အဲ့ဒါဆို မေပဲဒရိုက်ဘာကို ခေါ်သွားလိုက်
ကိုယ်ကအဆင်ပြေသလိုလုပ်လိုက်မယ်"*ဘာလို့လဲ ဝဠာ……
ဘာလို့ အခုလိုပြောင်းလဲသွားရတာလဲ*"ဟင် ဘာကိုလဲမေရဲ့"
*မေ့ကိုဘာလို့ရှောင်နေရတာလဲ
သာယာချိုအေးကြောင့်လား
မေပြောခဲ့ပါတယ် ဝဠာတို့ကြားမှာ
မေလုံးဝမနှောက်ယှက်ပါဘူး အခုကလဲတကယ်အကူညီလိုလို့ပါ ဝဠာကမေ့ကိုမိတ်ဆွေတစ်ယောက်အနေနဲ့တောင် မကူညီနိုင်ဘူးဆိုလဲ
မေအကူညီမတောင်းတော့ပါဘူး
အနှောက်ယှက်ပေးသလိုဖြစ်သွားရင် တကယ်တောင်းပန်ပါတယ်*"ခဏလေးမေ……ဒရိုက်ဘာနဲ့လိုက်ခဲ့လိုက်ပါ
ကုမ္မဏီအထိကိုယ်လိုက်ပို့ပေးမယ်"*တကယ်ရော ဆန္ဒရှိလို့လား*
"ကိုယ်စိတ်ထဲကမပါရင်ဘာမှမလုပ်တက်တာ
မေသိပါတယ် ဒါပဲကိုယ်မအားလို့"ဖုန်းချ ပြီးနောက် ခေါင်းကဆံပင်တွေကို
ထိုးဖွပစ်လိုက်သည်။
စိတ်ရှုပ်မိတာတော့အမှန်ပင်။
မေ့အပေါ်မိတ်ဆွေလိုသတ်မှတ်ပေမဲ့ သာယာအထင်လွဲမှာမျိုးတော့ မလိုချင်။
အတက်နိုင်ဆုံး မတွေ့အောင်ရှောင်ချင်သည်။