°°°သူမ°°°
အပိုင်း(၃၈)ဦးမိုးနှင်းဘက်ကပြန်လည်ဆက်သွယ်လာခဲ့သည်မို့ အားလုံးကို ဖွင့်ပြောဖို့ရန် မိုးမင်းခဆုံးဖြတ်ခဲ့သည်။
မိုးရိပ်ကို ပျော်ရွှင်စေချင်သော်လည်း မထိခိုက်စေလို။
ဒီထက်သာ ပိုပြီး ဖုံးကွယ်ထားမည်ဆိုလျှင်
မိုးရိပ်အတွက် အများကြီးထိခိုက်လာနိုင်သည်။
မုန်းချင်လဲမုန်းပါစေတော့။ကိုယ်မပိုင်ဆိုင်ရသော်လည်း မိုးရိပ်ဘဝကို
မညစ်နွမ်းစေလိုပါ။
သူမအတွက် သေချာစဉ်းစားဆုံးဖြတ်ထားတာမို့
ခွင့်လွတ်နိုင်လိမ့်မည်ဟုလဲ မျှော်လင့်မိသည်။
ဦးမိုးနှင်းဆက်သွယ်လာသည့်နောက်အလုပ်ကိစ္စအကြောင်းပြကာ နှစ်ရက်ခန့် ပြန်စဉ်းစားခဲ့သည်။မိုးရိပ်ဘက်ကတုန့်ပြန်မည့်အမုန်းတရားကို
ခံယူဖို့ သတ္တိအင်အားမွေးပြီးမှသာ ဦးမိုးနှင်းစီကိုလာခဲ့ခြင်း။"ကျနော် မိုးမင်းခပါ……
အန်ကယ်ဦးမိုးနှင်းနဲ့ချိန်းထားလို့""ဟုတ်ကဲ့ အထဲဝင်သွားလိုက်ပါ
သူဋ္ဌေးစောင့်နေပါတယ်"ဝန်းထမ်းက တံခါးဖွင့်ပေးသည်မို့ ဝင်လာခဲ့သည်။
မိုးမင်းခကို မြင်သည်နှင့် ဦးမိုးနှင်း နေရာကထလာသည်။"မောင်ရင် လာ……ထိုင်အုံး
အန်ကယ်မင်းကို အရင်နေ့ကတည်းမျှော်နေတာ""ဟုတ်ကဲ့ ကျနော်အလုပ်နည်းနည်းများနေလို့ပါ"
"ရပါတယ်ကွာ……တစ်ခုခုသောက်မလား"
"တော်ပြီအန်ကယ်……
အန်ကယ်ပြောစရာရှိတာကိုပဲပြောပါ""မောင်ရင်က သားသူငယ်ချင်းမဟုတ်ဘူးမို့လား
သားနဲ့ပတ်သက်သမျှလူတိုင်းကို အန်ကယ်သိတယ်""ဟုတ်ကဲ့ ကျနော်က မိုးထက်ဝဠာရဲ့သူငယ်ချင်းမဟုတ်ပါဘူး……ကျနော်ကမိုးရိပ်မေရဲ့သူငယ်ချင်းပါ"
"မိုးရိပ်မေက မိုးမြင့်မေညီမလေးဆိုတာတော့ အန်ကယ်သိတယ်……စိတ်မကောင်စရာက
အဲ့ကလေးမဆုံးသွားပြီ မောင်ရင်လဲ သိလောက်ရောပေါ့""ဟုတ်ကဲ့ ကျနော်သိပါတယ်အန်ကယ်"
"ထူးဆန်းတာက မိုးရိပ်မေဆုံးသွားတာကို
သူ့မိဘတွေမသိဘူး……
အဲ့ကိစ္စအတွက် မောင်ရင်များတစ်ခုခုသိမလားလို့"