°°°သူမ°°°
အပိုင်း(၄၃)"မလုပ်နဲ့……"
ပန်းလေးလက်ကို အတင်းအကျပ်ဆွဲကာ
တိုက်ပေါ်မှ ခုန်ချဖို့ပြင်နေသည့် မြင်ကွင်းကြောင့် ကိုယ်အသံကုန်အော်လိုက်မိသည်။ကိုယ့်အော်သံကြောင့် ပန်းလေးသည် အားကိုးတကြီးလှည့်လာသည်။
တစ်ပြိုင်နက်လှည့်ကြည့်လာသည့် မိုးရိပ်မေရဲ့အကြည့်များက မကောင်းဆိုးဝါးတစ်ကောင်သဖွယ်။"မောင်……သာယာ့ကိုလာခေါ်ပါ"
"မလာနဲ့…ဝဠာ…လုံးဝရှေ့တိုးမလာနဲ့
ရှေ့တိုးလာတာနဲ့ သာယာချိုအေးကို တွန်းချပစ်မှာ""မဖြစ်ဘူး…မေ…မဟုတ်ဘူး
မိုးရိပ်မေ အဲ့လိုမလုပ်ပါနဲ့……
ပန်းလေးကို လွှတ်ပေးလိုက်ပါ……
မင်းလုပ်ခဲ့သမျှ အားလုံးကို ကိုယ်ခွင့်လွတ်ပေးမယ် လွှတ်လိုက်ပါ""ဟား……ဟား……မလွှတ်နိုင်ဘူး
သူကသေရမှာ…သူသေမှ အားလုံးခံစားရမှာ
ဘာ…ကျမအပြစ်တွေကို ခွင့်လွတ်ပေးမယ် ဟုတ်လား…ဟား……ဟား……ရှင်ကခွင့်လွတ်ရင်ငေ် ဥပဒေက ခွင့်လွတ်မှာမဟုတ်ဘူး……
အဲ့ဒီတော့ သူ့ကိုသေအောင်သတ်ပြီးမှ
အဆုံးသတ်မယ်……""ကိုယ်အာမခံတယ် မင်းဘာမှမဖြစ်စေရဘူး မိုးရိပ်မေ……တောင်းပန်ပါတယ် ပန်းလေးကို
လွှတ်လိုက်ပါ……""မလွှတ်ဘူး ထပ်မပြောနဲ့တော့
ကျမရှေ့မှာ ဒီမိန်းမကို သိပ်စိတ်ပူမပြနဲ့
အခြေအနေတွေ ဒီထက်ပိုဆိုးမသွားစေချင်ရင် လှည့်ပြန်သွား""မိုးရိပ်……"
မိုးမင်းခ အပေါ်ထပ်ကိုရောက်လာတော့
အန္တာရာယ်များလွန်းသည့် အခြေအနေဖြစ်နေသော မိုးရိပ်နှင့် သာယာချိုအေးကို တွေ့လိုက်ရသည်။
တိုက်အစွန်းနှင့် နှစ်ပေခန့်သာ ဝေးတော့သောနေရာတွင် မိုးရိပ်ရပ်နေခြင်း။
လက်တစ်ဖက်က သာယာချိုအေးကို မလွှတ်တမ်းဆွဲထားသည်။"မိုးမင်းခ……လူယုတ်မာကောင်
နင့်ကြောင့် ငါ့ဖြစ်ချင်တာတွေအားလုံး
ပျက်စီးသွားရတာ…နင့်ကိုငါဒီတစ်သက်မကျေဘူး""မိုးရိပ်ရယ်……
ရပ်လိုက်ကြရအောင် ဆက်ပြီးအရူးဇာတ်မခင်းပါနဲ့တော့ မင်းအများကြီး နာကျင်ခဲ့ရပြီးပြီလေ
ထပ်ပြီး မခံစားချင်ပါနဲ့တော့ကွာ"