°°°သူမ°°°
အပိုင်း(၆)ကုမ္မဏီသွားဖို့ပြင်ဆင်ပြီး အခန်းထဲကထွက်လာခဲ့သည်။
အောက်ထပ်ကိုမဆင်းခင် ဘုရားခန်းကိုဖြတ်ရသည်မို့ ဘုရားပန်းတွေလဲနေသော သူမကိုတွေ့လိုက်သည်။
ကိုယ်နဲ့သူမတွေလိုက်တိုင်း အမြဲတမ်း သူမဘက်ကကျောခိုင်းရက်အနေအထားသာဖြစ်နေတက်သည်။ကိုယ့်အာရုံ၌အတွေးတစ်ခုဝင်လာမိသည်။
လင်းရောင်ရဲ့ကောင်မလေးကိုမတွေ့ခင် သူမကိုအရင်တွေ့ချင်မိသည်။ဘုရားခန်းအတွင်ရပ်ရင်း အသံပြုလိုက်သည်။
"အဟမ်း......"
သူမလှုပ်ရှားမှုခဏမျှရပ်သွားပြီးနောက် ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။
ကိုယ်ရောက်နေမှန်းသိတာတောင် သူမလျစ်လျှူရှုနိုင်သည်တဲ့လား။
ဒီအချိန်မှာ မေမေလဲရောက်လာနိုင်တာမဟုတ်ပါဘဲ သူမမျက်နှာချင်းဆိုင်ဖို့ မရဲဘူးတဲ့လား။
မေမေ့ကွယ်ရာ အရပ်အထိပါ သူမကအမိန့်တစ်ခုလိုနာခံတက်ပြန်သည်လား။
အင်း......ကိုယ်မေ့ထားလို့မရဘူးပဲ။
သူမကမေမေဖန်ဆင်းတဲ့နယ်ရုပ်တစ်ဆိုတာ......။အသင့်ရှိသော မနက်စာကို တစ်ယောက်ထဲသာ ဆိတ်ငြိမ်စွာစားခဲ့သည်။
လက်ထပ်ရမည့်ရက်နီးလာလေ ကိုယ့်ဘဝက
ပိုပြီးခြောက်သွေ့လေဖြစ်လာသည်။
သူမနဲ့လက်ထပ်ပြီးသွားရင် ကိုယ်ဟာ သဲကန္တာရတစ်ခုမှာ မရမကကြိုးစားရှင်သန်ရမဲ့လူများဖြစ်သွားမလား။
သူမဟာ ကိုယ့်ဘဝကို တစ်စတစ်စခြောက်သွေ့သွားအောင် တိုက်စားလွန်းသည့် အက်ဆစ်တစ်မျိုးလား။ကားပေါ်သို့ စာရွက်စာတမ်းများထည့်ထားသော အိတ်ကိုပစ်တင်လိုက်သည်။
ကားပေါ်မတက်ခင် အနေအထားပြောင်းလဲနေသော ပန်းအိုးများကို တစ်ချက်ဝေ့ကြည့်မိသည်။
သူမပြု ပြင်ထားခြင်းကြောင့်လားမသိ ခါတိုင်းထက်ပို၍ မျက်စိပသာဒဖြစ်သည်။
ပန်းအိုးငယ်တစ်ခု၌ နေရာယူထားသော စံပယ်ပင်ငယ်သည် ကိုယ့်ခြံတွင်း၌ တစ်ခါမှမမြင်ဖူးသေး။
သူမအသစ်စိုက်ပျိုးထားခြင်းလား။ကိုယ်ကားစက်နှိုးပြီးသည်နှင့် ခြံတံခါးသည် အဆင်သင့်ပွင့်လို့သွားသည်။
သူမကိုယ့်အနောက်မှာ အမြဲရှိနေပါလျှက်နဲ့
ရှေ့ကိုရောက်လာပြီး ကိုယ့်မျက်နှာကို ကြည့်ဖို့သတ္တိမရှိသေးဘူးလား။
ကိုယ့်ရဲ့အိမ်သူသက်ထားဖြစ်လာမည့် သူမသည် ဤမျှအထိ လူတစ်ယောက်ရဲ့စကားကို နာခံဖို့လိုအပ်သည်တဲ့လား။
ကိုယ့်မေမေဖြစ်နေပါစေအုံးတော့ သူမအနည်းငယ်တော့ တွန်းလှန်သင့်သည်လေ။