42

1.7K 26 0
                                    

°°°သူမ°°°
              အပိုင်း(၄၂)

ဦးမိုးနှင်းနှင့် ဦးတော်မီတို့ လေယာဉ်ဆင်းသည်နှင့် မိုးရိပ်မေ၏အတွင်းရေးမှုးစီချက်ချင်းဖုန်းဆက်လိုက်သည်။
မိုးမြင့်မေနှင့်မိုးရိပ်မေနေခဲ့သောအိမ်ကို သွားဖို့ရာလဲမဖြစ်နိုင်။
မိုးမင်းခပြောလို့ အိမ်ကိုရောင်းထားပြီဖြစ်ကြောင်းသိရသည်။

"ကိုတော်မီ ခင်ဗျားတို့ အတွင်းရေးမှုးနဲ့အရင်စကားပြောကြပါ ကျနော်အိမ်ပြန်ပြီး မိုးရိပ်မေရဲ့အခြေအနေကို ထိပ်ထားစီမေးကြည့်ချင်လို့"

"ဟုတ်ကဲ့ ကိုမိုးနှင်း သမီးငယ် အိမ်မှာရှိတယ်ဆိုရင် အကြောင်းကြားပေးပါအုံး ကျနော်လာခေါ်ပါ့မယ်"

"ကောင်းပါပြီ"

ဦးမိုးနှင်းသည် ကားငှားကာအိမ်ပြန်သွားသည်။
ပြန်လာမည့်အကြောင်း ကြိုပြောမထားသည်မို့
ကုမ္မဏီကလဲလာမကြိုနိုင်။

"အမ……မိုးရိပ်ရောဟင်"

မိုးမင်းခကပဲ မနေနိုင်စွာ မိုးရိပ်ဘယ်မှာရှိလဲမေးလိုက်ရသည်။
မိုးရိပ်ဆိုသောကြောင့် အတွင်းရေးမှုးသည် အနည်းငယ်ကြောင်အသွားသည်။

"မိုးမြင့်မေကိုမေးတာပါ"

"မမ ဆေးရုံမှာပါ ကားအက်စီးဒင့်ဖြစ်ထားလို့"

မိုးမင်းခရော ဦးတော်မီတို့ပါ စိတ်ပူသွားရသည်။

"အန်ကယ် ကျနော်တို့ ဆေးရုံလိုက်သွားကြရအောင်"

"အေးပါမောင်ရင် ခဏလေး
အန်ကယ်မေးပါရစေအတွင်းရေးမှုး
သမီးကစိုးရိမ်ရသလား"

"မစိုးရိမ်ရတော့ပါဘူး သူဋ္ဌေး
ကျမအထင်တော့ သူဋ္ဌေးတို့ အရင်ဆုံး ကုမ္မဏီကိုလိုက်ကြည့်စေချင်ပါတယ် ပြီးတော့မှ
မမစီသွားတာကောင်းမယ်ထင်ပါတယ်"

"ဒါဆိုလဲ အန်ကယ်တို့ ကုမ္မဏီပဲသွားကြတာပေါ့"

"ကျနော်မလိုက်တော့ဘူးအန်ကယ်
ကျနော် ဆေးရုံကိုပဲလိုက်သွားပါရစေ"

"မောင်ရင့်သဘောပါပဲ……
အန်ကယ်တို့ မလာသေးဘဲတော့ သမီးကို
အတင်းအကျပ်မလုပ်ပါနဲ့"

👑 သူမ 👑 [Completed]Where stories live. Discover now