°°°သူမ°°°
အပိုင်း(၂၉)နှဖူးစပ်ကို လာရောက်ကျီစယ်နေသည့် လေနုအေးကြောင့် မျက်လုံးဖွင့်ကြည့်မိတော့ သာယာရောက်နေသည်က မောင့်ရင်ခွင်မှာ။
မောင့်လက်တစ်ဖက်က သာယာ့ခေါင်းအောက်မှာရှိနေပြီး ကျန်တစ်ဖက်က ခါးထက်၌ချိတ်တွယ်လျှက်။ခန့်ညားမှုအပြည့်နှင့် မောင့်မျက်နှာချောချောသည် တစ်စက္ကန့်သော်မှ အကြည့်မလွှဲနိုင်အောင်ပင်။
အရာရာပြီးပြည့်စုံသော ထိုယောကျာ်းသည်
သာယာ့ရဲ့ပိုင်ဆိုင်မှုဆိုတာ သိရပြန်တော့ ကျေနပ်မိသည်။
သို့သော်……ဘယ်အချိန် ဆုံးရှုံးရမယ်ဆိုတာတော့။ပိုင်ဆိုင်နေရတဲ့အချိန်တစ်ခုမှာ မောင့်ကိုလွတ်လပ်စွာချစ်ချင်သည်။
နုံချာလှတဲ့ဘဝတစ်ခုကို မောင်ကပြောင်းလဲပေးခဲ့သည်။
ကြောက်ရွံ့နေချိန်တွေမှာ မောင်ရှိနေပေးခဲ့သည်။
အပြည့်အဝကာကွယ်မှု မပေးခဲ့ပေမဲ့
မောင်ကတော့ သာယာ့ကို ဒဏ်ရာတွေမပေးဘဲနေခဲ့သည်။ဝန်ခံပါစေမောင်။
သာယာမောင့်ကို သိပ်ချစ်ပါတယ်။
တစ်သက်လုံးမှာ ပြောင်းလဲခြင်းမရှိတဲ့
အချစ်က မောင့်အတွက်ဖြစ်တည်လာခဲ့တာပါ။
မောင်ကသာအားကိုးရာ……။
မောင်ကသာ ကိုးကွယ်ရာ……။
မောင်ကသာ ရှင်သန်ရာ……။
မောင်ကသာ ကြင်နာခြင်း……။
မောင်ကသာ နာကျင်ခြင်း……။
မောင်ကသာ ပျော်ရွှင်ခြင်း……။
မောင်ကသာ နောက်ဆုံးထွက်သက်အထိ
အားကိုးရာမဲ့သော သာယာ့ဘဝတစ်ခုလုံးကို
ပိုင်ဆိုင်မဲ့သူ။လေးကိုင်းသဏ္ဌာန် နှုတ်ခမ်းတစ်စုံကို
ဖွဖွလေးတို့ထိနေမိသည်။
နူးညံ့တဲ့စကားလုံးတွေ နွေးထွေးတဲ့စကားလုံးတွေကို အမြဲတမ်းပြောတက်သည့် ထိုနှုတ်ခမ်းပါးက သာယာ့အတွက် တန်ဖိုးကြီးလွန်းသည်။
ပထမဆုံးအကြိမ် သာယာ့ဘက်မှပေးမိသော
အကြင်နာတစ်ပွင့်။သာယာ့အပေါ် အကောင်းဆုံးချစ်ပေးသော
ဒီလူသားထံမှာ ဘဝတစ်ခုလုံးပေးအပ်ခဲ့ရခြင်းအား နောင်တမရမိ။
တစ်နေ့ ဝေးကွာခဲ့ကြရင်တောင် မောင့်အား
သာယာပိုင်ဆိုင်ခဲ့ဖူးသည်ပဲ။
မောင့်ရဲ့အချစ်ကို သာယာရရှိခဲ့သည်ပဲ။
လောဘမကြီးတော့ပါဘူးမောင်။
အနားမှာရှိတုန်း တန်ဖိုးထားပြီးမြတ်နိုးပါရစေ။