°°°သူမ°°°
အပိုင်း(၃၃)*အချစ်*
ထပ်ပြီးကြားရပြန်သည့် ခေါ်သံကြောင့်
နေ့လည်ခင်းကြီးမှာ အိပ်မက်မက်နေသလားယူဆမိသည်။"အချစ်ရေ လာကြိုပါအုံးကွာ"
ဟမ်!ဒါငတိအသံပဲ။
ဘယ်ကခေါ်နေပါလိမ့်ဟု တွေးကာ နောက်ကိုအမြန်လှည့်ကြည့်လိုက်ရသည်။
ကျောပိုးအိတ် ဒရွတ်ဆွဲကာ ခြေမနိုင်သည့်ပုံနှင့်လှမ်းလာနေသည့် မေတ္တာတုံး။ကျနော်သူ့ကို ကြောင်စီစီကြည့်နေရင်းမှ လက်ကဒဏ်ရာကို သတိရမိသွားသည်။
"လင်းရောင်စဉ်"
အသကုန်အော်ပစ်လိုက်ပြီး အနားကိုအမြန်သွားကာ လက်ထဲကအိတ်ကို ဆွဲယူလိုက်သည်။
"သေချင်လို့ အိတ်ကြီးဆွဲလာတာလား
မင်းလက် ထပ်ကျိုးသွားမှာ မသိဘူးလား
ဟမ်! မင်းအဲ့လောက်တောင် မသိဘူးလား"လမ်းလျှောက်လာရသည်မို့ ခြေထောက်တွေညောင်းတာကြောင့် တရွေ့ရွေ့လာနေရင်း
အချစ်ကိုမြင်သည်မို့ အားတက်သရောလှမ်းခေါ်လိုက်မိခြင်း။ကြိုတော့ကြိုရှာပါသည်။
အိတ်ကိုစောင့်အောင့်ဆွဲယူကာ လူကိုမာန်မဲတော့သည်။
ကျနော်ဘာအမှားကျူးလွန်လိုက်မိသနည်း။"ဟမ်……ငါမေးနေတာ မကြားဘူးလား"
ခြေထောက်ညောင်းသည့်အပြင်နားပါပူလာသည်မို့ သဲပေါ်တွင် ပစ်ထိုင်ချလိုက်တော့သည်။
"ကြားတယ်ကွ…မောလို့မဖြေတာ
မင်းကလဲ တွေ့တာနဲ့ အော်ဖို့ပဲ""မင်းလုပ်ပုံက ဘာအချိုးပြေလို့ မင်းကငါ့ကို
ပြန်ပြောနေတာလဲ……ခေါင်းကသုံးလေ
ဒီအိတ်သယ်လာလို့ မင်းလက်တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"ဒီစကားလေးပြောတာကို အချစ်ကမျက်ရည်ဝဲဖို့လိုလို့လား။
ဘာလို့ပါလိမ့်။"ဘာမှမဖြစ်နိုင်ပါဘူး ငါ့လက်ကကောင်းနေပြီ စိတ်ပူသွားတယ်ပေါ့"
"မင်းဘကြီးကို စိတ်ပူလေ……
မပူဘူး ဖြစ်လဲမင်းပဲခံရမှာ……""အဲ့ဒါနဲ့မျက်ရည်တွေက ဘာလို့ဝဲလာလဲ"
"သဲဝင်သွားလို့ လေတိုက်လို့ သဲစင်သွားတာ"