°°°သူမ°°°
အပိုင်း(၄၆)ဇာတ်သိမ်းပိုင်း
🌹🌹🌹🌹🌹🌹🌹🌹🌹"မောင်……"
တိုးတိတ်စွာထွက်ပေါ်လာသော ခေါ်သံ၏နောက်တွင် ဦးမိုးနှင်းနှင့် ဒေါ်ထိပ်ထား သာယာ့ကို
လှည့်ကြည့်လိုက်ကြသည်။"သမီး သတိရလာပြီ
အကို ဒေါက်တာကို သွားခေါ်လေ""အေးအေး"
ဦးမိုးနှင်းလည်း အခန်ထဲမှ အမြန်ထွက်သွားကာ
ဒေါက်တာကိုခေါ်လိုက်ရသည်။သာယာကတော့ မောင့်ကိုလိုက်ရှာနေမိသည်။
နောက်မှ ကလေးလေးကိုသတိရကာ ဗိုက်ကိုကြည့်လိုက်တော့ ပြည့်ဖောင်းဖောင်းလေးအတိုင်းရှိနေသည်ကို မြင်ရမှ စိတ်ထဲမှာ အေးချမ်းသွားရသည်။"မောင်ရောဟင်……မောင့်ကိုခေါ်ပေးပါ"
"အန်တီ ဖုန်းဆက်လိုက်မယ်သမီး
ခဏပဲနော် ……ဒေါက်တာလာပြီ""ဒေါက်တာ ကျနော့်ချွေးမအခြေအနေလေး
ကြည့်ပေးပါအုံး"ဒေါက်တာနှင့် သူနာပြုတစ်ချို့သာယာ့ကို
လိုအပ်သည်များ စမ်းသပ်နေချိန်တွင်
ဒေါ်ထိပ်ထား သားစီကိုဖုန်းဆက်လိုက်သည်။"ဒေါက်တာ သမီးကစိုးရိမ်ရသေးလားဗျ"
"စိုးရိမ်စရာမရှိတော့ပါဘူး ဦးမိုးနှင်း
အထဲက ကလေးလဲ ကျန်းမာပါတယ်
အခုနေကောင်းသွားပြီဆိုတော့…လိုအပ်တဲ့ ကျန်းမာရေးကိုတော့ အထူးဂရုစိုက်ပေးပါ
ဒါကတော့ ကလေးကိုမွေးတဲ့အခါ အခက်အခဲမရှိအောင်လို့ပါ""ဟုတ်ကဲ့ပါ ကျနော်တို့ သမီးကို ဂရုစိုက်ပါ့မယ်"
"နောက်နှစ်ရက်လောက်နေရင် ဆေးရုံကဆင်းလို့ရပါပြီ ……ခွင့်ပြုပါအုံးဗျ"
"ဟုတ်ကဲ့ဒေါက်တာ"
ဒေါက်တာပြန်ထွက်သွားမှ ဒေါ်ထိပ်ထား
သာယာ့အနားတိုးလာခဲ့သည်။"သမီးဒေါက်တာပြောတာကြားတယ်နော်
စိတ်ကိုအကောင်းဆုံးပြင်ဆင်ထားပြီး
မြေးလေးကို ဂရုစိုက်ရအောင် ပြီးခဲ့တာတွေကို
ခေါင်းထဲကထုတ်လိုက်""ဟုတ် မောင်ရော မလာသေးဘူးလားဟင်
သာယာမောင့်ကိုတွေ့ချင်တယ် အန်တီထား"