°°°သူမ°°°
အပိုင်း(၂၀)သာယာအိပ်ယာနိုးနိုးချင်း မျက်လုံးဖွင့်ကြည့်တော့ ခုတင်ဘေးတွင် အပြုံးတစ်ခုဖြင့် ကြည့်နေသည့်သူ့ကိုတွေ့လိုက်ရသည်။
ရင်ဘတ်ထဲက တဒုတ်ဒုတ်မြည်ကာ သူကိုင်ထားတဲ့လက်ကို ဆွဲယူတော့ လွှတ်မပေး။
"ပန်းလေးနိုးပြီလား
အိပ်လို့ရော ပျော်လား အိပ်မက်တွေရောမက်လား"ကလေးတစ်ယောက်ကိုမေးသလိုပုံစံမျိူ းနှင့် သူကဂရုတစိုက်မေးနေပြန်သည်။
သာယာသူ့ကိုပြောစရာစကားရှာလို့မရ။
သူ့မျက်နှာချောချောကို ငေးကြည့်ကာသာ
ရင်ခုန်နေမိသည်။"မောင်ကအရမ်းကြည့်လို့ကောင်းလား
မျက်တောင်လေးခပ်အုံးပန်းလေးရဲ့"သူ့စကားကိုကြားသော်လည်း အကြည့်ကလွှဲလို့မရ။ ငေးကြည့်နေမြဲသာ။
သူ့လက်နဲ့မျက်လုံးကိုလာပိတ်မှသာ
မှိတ်ထားလိုက်မိသည်။"ဟော……ပန်းလေး ပြန်အိပ်သွားတာလား"
"ဟင် မအိပ်ပါဘူး
သူ့ကိုကြည့်တာ မကြိုက်ဘူးထင်လို့""အဟက် မောင်ကမကြိုက်ဘူးပြောမိလို့လား
ပြန်မအိပ်တော့ဘူးဆိုရင် မောင်ထူပေးမယ်
မျက်နှာသစ်ရအောင်""ရတယ် သာယာကိုယ့်ဘာသာထနိုင်ပါတယ်"
သာယာပြောတာကို သူကအရေးမယူဘဲ
လူနာတစ်ယောက်လို ထူပေးနေသည်။
ခြုံထားတဲ့စောင်ကို သူဖယ်လိုက်သည်မို့
လန့်သွားမိကာ သူ့ကိုမော့ကြည့်လိုက်မိသည်။"လန့်သွားတာလား
မောင်ကသန့်စင်ခန်းထဲခေါ်သွားပေးမလို့လေ
ဘာမှမလုပ်ပါဘူး"သူကပြောပြောဆိုဆိုပွေ့ချီလိုက်သည်မို့
လက်တွေကအလိုလိုသူ့လည်ပင်းသိုင်းဖက်မိသွားသည်။
ပြုတ်ကျမည်စိုးတာကြောင့် ခန္ဓာကိုယ်က အလိုအလျှောက်တုန့်ပြန်မိခြင်းထင်သည်။"ဟို……သာယာကိုယ့်ဘာသာလုပ်ပါ့မယ်"
ဘေစင်ပေါ်တင်ပေးပြီး မျက်နှာသစ်ဖို့လုပ်နေသည်မို့ သာယာငြင်းမိပြန်သည်။
ဆေးရုံအဝတ်အစားနှင့် သူ့ရှေ့မှာထိုင်နေရတော့ ရှက်မိသလို။
ခက်သည်။ ဆေးရုံအဝတ်အစားက ဘောင်းဘီရှည်ဖြစ်နေခြင်း။
သာယာကထဘီပဲဝတ်လေ့ရှိတော့ အခုလိုပုံနှင့်
သူ့ရှေ့မှာနေရတာ ဘယ်လိုမှအဆင်မပြေ။