°°°သူမ°°°
အပိုင်း(၂၇)ကိုယ့်နှလုံးသားငယ် သတိပြန်ရလာပြီမို့
စိတ်ပူခြင်းတစ်ဝက်ပျောက်ဆုံးသွားရသည်။အနည်းငယ်နွေးနေသေးသော ခေါက်ဆွဲပြုတ်ကို
ဂရုတစိုက်ခွံ့ကျွေးပေးမိသည်။
ဖြူဖျော့ဖျော့ မျက်နှာလေးက သိပ်ကိုစိုးထိတ်နေမှန်းသိသာစေသည်။"အဲ့ဒီဓာတ်ပုံ……"
တစ်ဝက်ခန့်ကျန်နေသေးသည့် ခေါက်ဆွဲပန်းကန်ကို သူမခေါင်းခါပြရင်း စကားဆိုသည်။
"ဆေးသောက်ရအောင် ပန်းလေး
အဲ့အကြောင်းတွေနောက်မှပြောရအောင်"ဆေးရုံအုပ်ပေးခဲ့သော ဆေးပြားတချို့သူမလက်ထဲထည့်ပေးပြီး ရေဖန်ခွက်အဆင်သင့်ပြင်ထားပေးလိုက်သည်။
ကိုယ်ရောက်မလာခင်အချိန်အထိ ပန်းလေးပင်ပန်းနေခဲ့မှာလေ။
အနားယူဖို့ လိုအပ်သေးသည်။"ပြန်အိပ်လိုက်အုံးနော်"
"သာယာသိချင်တယ်"
"မောင်ဘာမှပြောပြနိုင်အုံးမယ်မထင်ဘူး
ပန်းလေး""မိုးမြင့်မေ သေသွားပြီလား
ဓာတ်ပုံက သူမဟုတ်လား""မဟုတ်ပါဘူး မေကရှိပါတယ်
ဆုံးသွားတာ သူ့ညီမ""အဲ့ဒီပုံက ဘာလို့သာယာ့စီရောက်လာရတာလဲ
ဘယ်သူပို့လိုက်တယ်လို့ ထင်လဲဟင်"ပန်းလေးရဲ့အမေးစကားသည် ဓာတ်ပုံပို့လိုက်သူက မေ ပါလို့တပ်အပ်ပြောလိုခြင်းသာဖြစ်သည်။
အကယ်၍ မေပို့လိုက်သည်သာ အမှန်ဆို
ဘယ်လိုရည်ရွယ်ချက်ရှိနေလို့ ပန်းလေးကိုမှ
ထိခိုက်စေရတာလဲ။"မောင် စုံစမ်းကြည့်လိုက်မယ်
ဘာမှမကြောက်နဲ့တော့နော်
ကောင်းကောင်းအိပ်ပျော်အောင်အိပ်လိုက်""အနားမှာပဲနေပေးမယ်မဟုတ်လား
အိပ်ပျော်နေတဲ့အထိ""အင်း အိပ်ပျော်သွားရင်လဲ မောင်ရှိနေပေးမယ်"
လက်ဖဝါးနုနုကိုဆုပ်ကိုင်ထားပေးပြီး
နှဖူးစပ်မှ ဆံနွယ်တို့ကို သပ်တင်ပေးနေမိသည်။
ကိုယ့်ဘဝအတွက် မင်းကသာအဓိကပါ ပန်းလေး။ ။