°°°သူမ°°°
အပိုင်း(၃၄)"အားရှီး……သေပါပြီ……
ဘယ်လိုတောင်အိပ်နေတာတုန်း"ဗိုက်ပေါ်ခြေထောက်တင်ကာ ရင်ဘတ်ကို လက်နဲ့ဖိထားသည့် မေတ္တာတုံးကောင်အား မရမကတွန်းဖယ်လိုက်ရသည်။
ညကလဲ တစ်ညလုံး ကောင်းကောင်းမအိပ်ရ။
သူ့လက်တွေခြေထောက်တွေကို မကြာခဏထဖယ်နေရသည်လေ။
မနက်နောက်ကျတဲ့ထိအိပ်မယ်လို့တွေးထားသော်လည်း အကျင့်မကောင်းသည့် မျက်လုံးကစောစောပွင့်လာရသည်။အိပ်ယာထပြီး သက်ပြင်းချရင်း ခေါင်းကဆံပင်တွေဖွပစ်လိုက်သည်။
"စိတ်ချမ်းသာတယ်……ငါတကယ်စိတ်ချမ်းသာတယ်"
သေလူကြီးလို ဆန့်ဆန့်ကြီးအိပ်နေသည့်
လင်းရောင်ကိုကြည့်ရင်းပြောမိခြင်း။
စိတ်ချမ်းသာတာပေါ့။
ကိုယ်ချစ်တဲ့သူကိုဘေးနားထပြီး အိပ်ယာထရတာ ဘယ်လောက်ကြည်နူးဖို့ကောင်းလဲ။"အချစ်"
"အမလေးဗျ"
မလန့်ဘဲရှိမလား။ ကျနော်ကသူ့ကြည့်ပြီး တွေးနေတာလေ။ ဒါကိုမပြောမဆို မျက်လုံးကြီးဖွင့်ပြီးခေါ်လိုက်တာကို။
"အား……လန့်လိုက်တာကွာ
စောစောစီးစီး မအော်စမ်းနဲ့""မင်းက ရုတ်တရက်ကြီးမျက်လုံးဖွင့်လာတာကိုကွ "
"ကိုယ့်ကို တစိမ့်စိမ့်ထိုင်ကြည့်နေတယ်ဆိုပါတော့"
"wtf မင်းကိုတစိမ့်စိမ့်ကြည့်လို့
ဘာအကျိုးထူးမှာလဲ စကားလာမများနဲ့
စိတ်ကသိပ်ကြည်တာမဟုတ်ဘူး""ဘာဖြစ်လို့တုန်း"
"ငါညက ကောင်းကောင်းမအိပ်ရဘူးလေ
မင်းကြောင့်……""ဟင်……ငါမင်းကိုဘာမှမလုပ်ဘူးလေ"
ဇီးကွက်မျက်လုံးလိုပြူးကာ ထအော်သော
လင်းရောင်အား ကျနော်ခေါင်းကိုနှစ်ချက်လောက်ပိတ်ရိုက်ပစ်လိုက်တော့သည်။"အ……ဘာလို့ရိုက်တာလဲ
ငါဘာမှားလို့လဲ""အဲ့ဒီခေါင်းက မဟုတ်တာပဲတွေးနေ
ငါပြောတာ မင်းခြေထောက်တွေ လက်တွေ ငါ့ပေါ်တင်လို့ အိပ်မရဘူးပြောတာ နှာဘူးကောင်ရဲ့"