°°°သူမ°°°
အပိုင်း(၁၈)ဖေဖေပြောနေတာတွေကို နားထောင်နေရင်း
ကိုယ့်ရင်ထဲ၌ တင်းတင်းကျပ်ကျပ်ခံစားလာရသည်။
တစ်ဆက်ထဲ မေမေ့ရဲ့ လုပ်ရပ်တွေအတွက်လဲ
အနည်းငယ်ဒေါသထွက်လာမိသည်။
မေမေက လူတစ်ယောက်အပေါ် တကယ်ပဲရက်ရက်စက်စက်နင်းချေခဲ့သလား။
ဒေါ်ယဉ်ငြိမ်းဆိုသော ဖေဖေ့ချစ်သူမိန်းကလေးဘဝ တစ်စီပျက်စီးသွားရခြင်းသည် အရင်းမြစ်ကို ရှာကြည့်ပါလျှင် မေမေ့ကြောင့်သာ။နောက်ထပ်ကိုယ်သိလိုက်ရသည်က ဖေဖေကကိုယ်ထင်သလို မေမေ့ကို သိပ်ချစ်လွန်း
တာကြောင့်မဟုတ်။
ဒေါ်ယဉ်ငြိမ်းထိခိုက်မည်စိုးသောကြောင့် မေမေ့အလိုကျ ချစ်ပေးခဲ့ရခြင်း။
အင်းလေ……ဖေဖေကသူ့ချစ်သူကို အရမ်းတတ်ဖိုးထားပြီး ချစ်ခဲ့တာဆိုတော့ လွယ်လွယ်မေ့ကာ ဘယ်လိုလုပ် မေမေ့ကိုချစ်ပေးနိုင်ပါ့မလဲ။မျက်ရည်စတွေဝေ့သီနေသည့် ဖေဖေက
လက်ကိုင်ပုဝါထုတ်ကာ သုတ်နေသည်။
အတိတ်ကိုတူးစွရတာ တကယ်ပင်နာကျင်ဟန်တူသည်။"ဖေဖေ အဲ့ဒီဒေါ်ယဉ်ငြိမ်းနဲ့သူ့သမီးလေး
ဘာဆက်ဖြစ်သွားလဲ""ယဉ်ငြိမ်းဆုံးသွားတယ်"
"ဗျာ……"
"ဟုတ်တယ်သား သူမဆုံးခင်မှာ
ဖေဖေသူ့စီကိုသွားခဲ့တယ် မလှပတဲ့ဘဝကြီးထဲကရုန်းထွက်ပြီး ကလေးနဲ့တနေရာမှာ သွားနေကြဖို့ ဖေဖေပြောခဲ့တယ်
ဒါပေမဲ့ ယဉ်ငြိမ်းကလက်မခံခဲ့ဘူး""သူဖေဖေ့ကို စိတ်နာသွားလို့လား"
"မဟုတ်ဘူးသား သူဖေဖေ့ကိုစိတ်မနာပါဘူး
ယဉ်ငြိမ်းက ဖေဖေ့ကိုအရမ်းနားလည်ပေးနိုင်တာ ဖေဖေကူညီပေးတာကို သူလက်မခံပေမဲ့ကတိတစ်ခုတော့ သူတောင်းခဲ့တယ်
သူမရှိတော့တဲ့ အချိန်ကျရင် သူ့သမီးလေးကို
စောင့်ရှောက်ပေးပါတဲ့လေ ထိပ်ထားကို
ကြောက်ပေမဲ့ သူ့သမီးလေးကို တစ်ယောက်ထဲ မထားခဲ့နိုင်ဘူးတဲ့သားရယ်""ဒေါ်ယဉ်ငြိမ်းရဲ့သမီးဆိုတာ
သာယာမဟုတ်လားဖေဖေ""အင်း သာယာလေးက ယဉ်ငြိမ်းသမီး
သူ့အမေရဲ့အလှအပတွေစုပုံရတဲ့
ကြေရုပ်လေးတစ်ရုပ်လိုပဲ သူ့အမေလိုပဲ
သာယာလေးက သိပ်ကိုအေးချမ်းတာ
ဒါပေမဲ့ ကလေးဘဝကလဲ ကံမကောင်းရှာခဲ့ဘူးလေ"