°°°သူမ°°°
အပိုင်း(၂၈)မိုးမင်းခရှိနေသည့် တိုက်ခန်းသို့ မိုးရိပ်လာခဲ့သည်။
ခပ်ထေ့ထေ့အပြုံးဖြင့် တံခါးလာဖွင့်ပေးသော မိုးမင်းခ။"ရောက်လာတာမြန်သားပဲ
ကျားသစ်မလေး……""ပြော ဘာဖြစ်ချင်တာလဲ"
"ဘာမှမဖြစ်ချင်ဘူး ကိုယ့်ရဲ့အချစ်သူရဲကောင်းမလေးကို ထိုင်ကြည့်နေချင်လို့"
"နင့်မှာ ငါ့ဓာတ်ပုံရှိနေတာပဲ ကြိုက်သလိုကြည့်
တခြားပြောစရာမရှိရင် ငါပြန်မယ်""ပြန်ကြရအောင် မိုးရိပ်"
အစမရှိသော ပြောလာသည့် မိုးမင်းခ စကားကို
မိုးရိပ်နားမလည်။"နင်ဘာပြောတာလဲ"
"ငါတို့နှစ်ယောက်အတူ စင်္ကာပူကို
ပြန်ကြရအောင် မင်းအမကိစ္စ တခြားသူတွေကို
မပြောရင်တောင် မင်းမိဘတွေကိုဝန်ခံပြီး
ကောင်းကောင်းနေကြရအောင်""ငါ့သေလမ်းငါရွေးထားတယ်ဆိုရင်တောင်
ငါချစ်တဲ့သူကိုမပိုင်ဆိုင်ရသေးသရွေ့ သေတွင်းတော့မတူးနိုင်ဘူး""ငါတို့လုပ်ရပ်တွေမှားနေတယ်လေ မိုးရိပ်"
"မပူပါနဲ့ အမှားတွေကို ငါပဲကျူးလွန်တာမို့
နင့်ဘဝဘာမှမဖြစ်စေရဘူးလို့ ငါအာမခံပါတယ်ပြန်စရာရှိတာပြန်ပြီး ကောင်းကောင်းနေလိုက်""ငါနင့်ကို ဘယ်လိုလုပ်ထားခဲ့ရက်နိုင်မှာလဲ
ပိုင်ဆိုင်ဖို့ မဖြစ်နိုင်တဲ့ လူကိုမျှော်လင့်တကြီးဖြစ်မနေပါနဲ့တော့ဟာ သူ့အတွက် နင့်ရဲ့ရင်းနီးမှုတွေများလွန်းနေပြီမိုးရိပ်""အဲ့ဒီရင်းနီးမှုတွေရဲ့တန်ဖိုးကို
ငါလိုချင်သေးတာ ငါရင်းခဲ့သမျှက မိုးထက်ဝဠာ တစ်ယောက်ထဲနဲ့ညီမျှတယ်""နင်အားနာသင့်နေပြီမိုးရိပ်
အဲ့ဒီလူနဲ့သူ့မိန်းမကိုအားမနာရင်တောင်
အပြစ်မရှိဘဲ နင်သတ်ခဲ့တဲ့ နင့်အမကို အားနာသင့်တယ်""ဟား……မိုးမင်းခ……ဟား……ဟား…
ဟုတ်တယ် နင်ပြောသလိုပဲ မမကို အားနာသင့်တာ……နင်သိလို့လား
မမကိုအားနာလို့ ငါ့မမကို အရမ်းအားနာလို့
သူ့ချစ်သူကိုလုယူရမှာအားနာလို့
ငါသူ့ကိုသတ်လိုက်တာ……
ငါ့အမပိုင်တဲ့လူကို လုယူရမှာအားနာလွန်းလို့
ငါ့အမချစ်တဲ့ အဲ့ဒီယောကျာ်းကို လုယူရမှာအားနာလွန်းလို့ မမကို…မမကို ငါသတ်လိုက်တာ
အခု မမကသူ့ကိုမပိုင်တော့ဘူး
ချစ်သူတွေလဲမဟုတ်တော့ဘူး
သူ့ကိုပိုင်တာ ဟိုမိန်းမ……
သာယာချိုအေးဆိုတဲ့ မိန်းမ……
အခုလေ……ငါမမကိုအားနာနေဖို့လဲမလိုတော့ဘူး အဲ့ဒီမိန်းမစီကနေ သူ့ကိုလုယူလို့ရပြီ
ငါမှန်တယ် မိုးမင်းခရဲ့……ငါလုပ်နေတာတွေအကုန်မှန်တယ်"