°°°သူမ°°°
အပိုင်း(၁၆)*တီ …… တီ ……*
တတီတီမြည်နေသော နှလုံးခုံစက်ပေါ်မှ မျဉ်ကွေးလေးများ လှုပ်ရှားလာသည်နှင့်အတူ ခန္ဓာငယ်တစ်ခုသည်လဲ တဆက်ဆက်တုန်ရင်နေခဲ့သည်။
*တီ …… တီ ……*
လင်းရောင်နဲ့နေခ ဆေးရုံသို့ သာယာ့နောက်ဆုံးအချိန်ကို စီစဉ်ရန် စောစောလာခဲ့ခြင်း။
သာယာနဲ့ဝဠာရှိရာအခန်းကိုရောက်တော့
စီးကြိုနေသည်က ထူးဆန်းသောအနေအထား။သာယာ့ခေါင်းရင်းက စက်သည်တီတီမြည်ကာ
သာယာ့ခန္ဓာကိုယ်ကလဲ ဓာတ်လိုက်သွားသည့်နှယ် တုန်ရီလို့နေသည်။"နေခ ……ဒေါက်တာသွားခေါ် မြန်မြန်"
"အေးအေး"
နေခလဲ အမြန်ပင်ပြေးသွားသည်။
လင်းရောင်လဲ အခန်းထဲအမြန်ဝင်ခဲ့ကာ
အိပ်ပျော်နေသော ဝဠာ့ကိုနှိုးရတော့သည်။
မနေ့ကပုံစံအတိုင်း သာယာ့ဘေးမှာ ဝဠာအိပ်ပျော်သွားခဲ့ပုံရသည်။"ဝဠာ……ဝဠာ……ဟျောင့်……ထအုံး
ဝဠာ……မြန်မြန်""ဟင်……လင်းရောင်"
အကြမ်းပတမ်းလှုပ်ရမ်းခေါ်နေသည့်
လင်းရောင်ကြောင့် ကိုယ်နိုးလာခဲ့ရသည်။*တီ ………တီ ……*
"သာယာ……"
တတီတီမြည်နေသောအသံကြောင့်
သာယာ့ကိုသတိရသွားသည်။"သာယာ……သာယာ……သတိထားအုံးလေ
လင်းရောင် ဒေါက်တာခေါ်ပေး အမြန်""နေခသွားခေါ်နေတယ်"
သာယာ့ခန္ဓာကိုယ်သည် တဆတ်ဆတ်တုန်ကာ
အသက်ရှုသံများလဲ ပြင်းထန်လို့နေသည်။
မဖြုတ်ရသေးသော ဆေးပိုက်များသည်
ခန္ဓာကိုယ်မငြိမ်သက်မှုကြောင့် ပြုတ်ထွက်ကုန်ကာ သွေးစများပင်ထွက်လို့နေသည်။သူမကို ဒီလိုအနေအထားမှာမြင်နေရတာ ကိုယ့်အတွက် ရူးသွပ်ဖွယ်ရာအဖြစ်အပျက်ဖြစ်လို့နေသည်။
"ဝဠာ ……ဒေါက်တာလာပြီ"
"ဆေးရုံအုပ် သူဘာဖြစ်တာလဲ"
"အမြန်ကြည့်ပေးပါ့မယ် ဥက္ကဋ္ဌကြီး"
မနေ့ကပဲဖြုတ်ထားသော အောက်စီဂျင်ပိုက်ကို
ဆေးရုံအုပ်က သူမထံပြန်တပ်လိုက်သည်။
ခဏအကြာ ပုံမှန်အသက်ရှုသံကိုပြန်ကြားရပြီး
ခန္ဓာကိုယ်သည် စောစောကလောက်တုန်မနေတော့။