°°°သူမ°°°
အပိုင်း(၈)နေခကိုခေါ်ပြီး ကိုယ်အိမ်ပြန်လာခဲ့သည်။
ဧည့်ခန်းမှာစောင့်နေတဲ့ မေမေကတစ်ခုခုပြောဖို့ပြင်ပြီးမှ နေခပါလာတာကြောင့် ဘာမှမပြောတော့။"သားနေခရော ပါလာတာပဲ
ညအိပ်မှာလား""ဟုတ်တယ် အန်တီထား
ဝဠာခေါ်လို့လိုက်လာတာဗျ""အေးအေး ခဏနေညနေစာစားဖို့ဆင်းခဲ့ကြသားတို့"
"ဟုတ်ကဲ့ အန်တီထား"
"အော်……သား သူငယ်ချင်းအတွက် အခန်းသပ်သပ်လုပ်ပေးရအုံးမလား"
မေမေကကိုယ့်အားဦးတည်ပြီးမေးလာသည်။
"မလုပ်ပါနဲ့အန်တီ ကျနော်ဝဠာနဲ့ပဲ
နေလိုက်မယ်"အစကတည်းကနေခကို အခန်းသပ်သပ်နေခိုင်းဖို့အစီအစဉ်မရှိ။
မေမေမေးလိုက်တော့မှ အတွေးတစ်ခုကထပ်ပေါ်လာခြင်း။"ဟုတ်မေမေ အခန်းသပ်သပ်လိုချင်တယ်
ဒါပေမဲ့ရပါတယ် သားပဲပြင်ပေးလိုက်မယ်""ရတယ် သားတို့သွားနားတော့
မေမေလုပ်ခိုင်းထားလိုက်မယ်"မေမေ့စကားအရ သူမကိုခိုင်းတော့မည်ဆိုတာရိပ်မိလိုက်သည်။
မေမေနောက်ဖေးဝင်သွားမှ နေခကိုအခန်းထဲခေါ်ခဲ့သည်။"ဟျောင့်……မင်းငါ့ကိုပြောတော့ ဆွေးနွေးစရာရှိလို့ဆို ဘယ်လိုကြောင့် အခန်းသပ်သပ်လုပ်ခိုင်းနေတာလဲ"
"အေး အဲ့ဒါကိုယ်မင်းကိုအကူအညီတောင်းမလို့"
"အကူအညီ……မင်းအိမ်လာပြီး
ငါကဘာကူညီရမှာလဲ""မင်းအတွက်အခန်းကို သူပြင်ပေးမှာကွ
အဲ့ဒါမင်းကသွားကြည့်ပေး""သာယာချိုအေးကိုလား"
"အင်း သူဘယ်သူလဲငါသေချာသိချင်လို့"
"မင်းကလဲကွာ မနက်ဖြန်ပဲတွေ့ရတော့မှာကို
ဘာတွေထွင်ပြန်ပြီလဲ""လုပ်စမ်းပါနေခရာ မင်းကလဲ"
"အေးကွာ ……အခုလား"
"ခဏနေမှ……ငါတို့ညနေစာစားမှ သူအပေါ်တက်လာမယ်ထင်တယ်"
"အေးပြီးရော……ငါရေချိုးအုံးမယ်"