°°°သူမ°°°
အပိုင်း(၁၄)မိုးရိပ် ကုမ္မဏီကပြန်လာသည်နှင့်
မမအခန်းစီတက်လာခဲ့သည်။"မမရေ …… မိုးရိပ်ပြန်လာပြီ
ဝင်ခဲ့မယ်နော်"" ……… "
အထဲကပြန်မဖြေပေမဲ့ မိုးရိပ်ဝင်လာခဲ့သည်။
အိပ်ယာပေါ်၌မမရှိမနေ။
ရေချိူ းခန်းနှင့် အိမ်သာကို ဝင်ကြည့်သော်လည်းမတွေ့။မိုးရိပ်အိမ်အောက် အမြန်ပြန်ဆင်းလာခဲ့သည်။
"မမ…… မမေမ……
ဘယ်မှာလဲ……မိုးရိပ်ခေါ်နေတယ်လေ""မမ……"
"မိုးရိပ် မမဒီမှာ……"
အိမ်အနောက်ဖက်မှ အသံကြားရသည်မို့
မိုးရိပ်နောက်ဖေးကို အမြန်ပြေးလာခဲ့သည်။"မမ ……"
နောက်ဖေးခြံတံခါးကိုကျော်ကာ ခြံထဲပြန်ဝင်လာသည့်မမ။
"မမ အဲ့ဒါဘယ်ကပြန်လာတာလဲ"
"ဒီနားလေးတင်ပါ မိုးရိပ်ရဲ့"
"ဘာလို့ တံခါးကိုကျော်တာလဲ ပြုတ်ကျရင်ဘယ်လိုလုပ်မလဲ"
"မိုးရိပ်က အိမ်ရှေ့တံခါးသော့ခတ်သွားတော့
မမဘယ်လိုအပြင်ထွက်ရမှန်းမသိတာနဲ့
ဒီကနေကျော်ထွက်လိုက်တာ ခြံရှေ့ကကျော်ဖို့ကျ မြင့်တယ်လေ အဲ့ဒါကြောင့်""ကဲ……ပြောဘယ်ကဘာလုပ်ပြီးပြန်လာတာလဲ"
"ကိစ္စရှိလို့ပါဆို"
"အဲ့ဒီကိစ္စကိုပဲ မိုးရိပ်မေးနေတာ"
"မိုးရိပ်နော် သူများမပြောချင်တာကို
ဇွတ်မမေးနဲ့"ကလေးတစ်ယောက်လို ခြေဆောင့်ကာ အိမ်ထဲဝင်သွားသည့် မမကြောင့် မိုးရိပ်ပြုံးလိုက်မိသည်။
"မမေရ……"
အခန်းထဲလိုက်ဝင်ခဲ့ပြီးခေါ်တော့ ခုတင်ပေါ်၌ နှုတ်ခမ်းစူကာထိုင်နေသည်။
ဒါလား M3ရဲ့သူဌေးမ။
ကုမ္မဏီကလူတွေ မမကိုဘယ်လိုမြင်လဲတော့မိုးရိပ်မသိ။
မိုးရိပ်အမြင်မှာတော့ မမကဖြူ စင်လွန်းသည့် ကလေးတစ်ယောက်သာဖြစ်သည်။
တခါတလေ မိုးရိပ်ကအငယ်လား မမကအငယ်လားပင်မသဲကွဲ။