°°°သူမ°°°
အပိုင်း(၄၀)အနည်းငယ်ပြည့်လာသည့် ဗိုက်ကလေးကိုကိုင်ကာ သာယာပျော်မိသည်။
မကြာတော့တဲ့ အချိန်အတွင်းမှာ အရာအားလုံးဟာ ပုံမှန်ဖြစ်သွားတော့မည်။
မောင့်ရင်ခွင်မှာလဲ သာယာတစ်ဦးတည်း ပြိုင်ဘက်ကင်းစွာ ခိုဝင်ရတော့မည်။"မနက်အစောကြီးဘာတွေများ
ပြုံးနေတာလဲပန်းလေး ""ပျော်လို့ပါမောင်ရယ်"
"မောင့်ကိုပြောပါအုံး ဘာပျော်စရာရှိနေလဲ"
"မောင့်ကိုချစ်နေရလို့လေ……
မောင်နဲ့တွေ့ခွင့်ပေးတဲ့ ကံကြမ္မာကိုရော
အန်တီထားကိုရော သာယာကျေးဇူးတင်မိတယ်
ပြီးတော့ သာယာ့ကို မြတ်နိုးမှုတွေအများကြီး
ပေးတဲ့ မောင့်ကိုလဲ ကျေးဇူးတင်တယ်
ပိုပြီးကျေးဇူးတင်ချင်တာက မိုးမြင့်မေကိုပါ""မေ့ကို ဘာလို့လဲပန်းလေး"
"မောင့်ကိုပိုင်ဆိုင်ဖို့အခွင့်အရေးပေးခဲ့လို့ပါ
သူသာမောင့်ကို လက်မလွှတ်ရင်
သာယာတို့ လက်ထပ်ဖြစ်မှာမဟုတ်ဘူးလေ
သဘောထားပြည့်ဝတဲ့ မိုးမြင့်မေက……""ဘာဖြစ်လဲပန်းလဲ မောင့်ကိုနားလည်
အောင်ပြောပါလား……ဘာလို့ မေ့အကြောင်း
ပြောနေတာလဲ""ဒီအတိုင်းပါ သူ့ကိုသနားလို့"
"သနားဖို့တောင် မထိုက်တန်တဲ့သူကို
မသနားပါနဲ့ပန်းလေး……သူကမောင်တို့ကို
ဝေးကွာစေဖို့ ဖန်တီးနေတဲ့သူ""မောင်ထင်သလိုမှ မဟုတ်ဘဲမောင်ရယ်"
"မောင်လဲ အရင်ကပန်းလေးလိုပါပဲ
မေ့ကိုသနားခဲ့တယ် ဒါပေမဲ့ မေကမယုံနိုင်စရာလို ပြောင်းလဲသွားတယ် ကောက်ကျစ်တက်လာတယ် လှည့်စားတက်လာတယ် အတ္တတွေဖုံးလွှမ်းလာတယ် တစ်ကိုယ်ကောင်းဆန်လာတယ်
အဲ့ဒါတွေကြောင့် မောင်သူ့ကို မသနားတက်တော့ဘူး ဖြစ်နိုင်ရင် မပတ်သက်ချင်ဘူး""မောင်ရယ်……"
ဘာကိုမှမသိဘဲ ရိုးသားစွာဖွင့်ဟနေသည့်
မောင့်ကို သာယာဂရုဏာသက်မိသည်။
စီးပွားရေးလောကမှ အောင်မြင်နေသော်လည်း
မောင်ကလူတွေအကြောင်းမသိသေးဘူးပဲ။
မိုးရိပ်မေရဲ့လုပ်ဇာတ်တွေထဲမှာ မောင်ကတော့
မျောပါနေဆဲ။
အပြစ်မဲ့သူကို မုန်းတီးနေသည့်မောင်ဟာ မကြာခင် နောင်တရအုံးတော့မည်။
လှပသည့်နောင်တ တစ်ခုဖြစ်မှာမို့ မောင့်ကိုမတားစီလိုတော့။
အနှေးနဲ့အမြန် မောင်အားလုံးကို သိလာတော့မည်။
မောင့်ရဲ့အားနာခြင်းတွေနဲ့အတူ မိုးမြင့်မေအား
တောင်းပန်ဖို့သာရှိသည်။