°°°သူမ°°°
အပိုင်း(၄)သာယာရှိနေတဲ့ မီးဖိုချောင်စီ အိမ်ကြီးရှင် ဒေါ်ထိပ်ထား လာနေသည့်မို့ သာယာရိုကျိုးစွာပင် ခေါင်းငုံ့လိုက်သည်။
မည်ကဲ့သို့သော စကားလုံးများနှင့် သာယာ့ကိုထိုးနှက်မလဲဆိုတာကိုတော့ သာယာကြိုတင်တွေးမထားမိပါ။
ဒေါ်ထိပ်ထား၏နှုတ်ထွက်စကားတိုင်းက
သာယာ့ကိုအဆုံးစွန်ထိ တိုက်ခိုက်နေခြင်းသာဖြစ်သည်။"သူတို့နှစ်ယောက် လိုက်ဖက်တယ်လို့
မထင်ဘူးလား သာယာချိုအေး"အတူယှဉ်ကာထွက်သွားပြီဖြစ်သော
ချစ်သူနှစ်ဦးအား ရည်ညွှန်းကာမေးလာခြင်း။
လိုက်ဖက်လွန်းပါသည်။
သာယာလက်ထပ်ရမည့်သူနှင့် သူ၏ချစ်သူမိန်းကလေးသည် နတ်ဖက်သည့်အလား လိုက်ဖက်နေသည်။"မင်းသာငါတို့မိသားစုနဲ့မပတ်သက်လာရင်
ငါ့သားက အဲ့ဒီမိန်းကလေးနဲ့ တစ်သက်လုံးပျော်ရွှင်နေရမှာ အခုတော့ မင်းကြောင့်
ငါ့သားက သူ့ချစ်သူနဲ့ဝေးကွာရအုံးမယ်"သာယာမရှိရင် သူဟာတစ်သက်လုံးပျော်ရွှင်မည်တဲ့လား။
သာယာကြောင့် လူတစ်ယောက်ရဲ့ပျော်ရွှင်ခြင်းတို့ စိတ်သုန်းနေခဲ့သည်လား။
သာယာကချစ်သူနှစ်ဦးကို ဝေးကွာစေခဲ့သည်လား။
သို့ပေမဲ့ သာယာမရည်ရွယ်ခဲ့ပါဘူးကွယ်။"မင်းကငါ့မိသားစုအတွက် အကြီးမားဆုံးသောအနှောက်အယှက်ပဲ သာယာချိုအေး
ပြီးပြည့်စုံနေတဲ့ င့ါမိသားစုက မင်းကြောင့်
သူစိမ်းဆန်သွားကြရပြီ ငါ့အပေါ်ဂရုစိုက်ခဲ့တဲ့
ငါ့ခင်ပွန်းကိုလဲ မင်းပြောင်းလဲခဲ့တယ်
ထပ်ပြီးငါ့သားဘဝထဲကိုပါ မင်းကိုပေးဝင်ရအုံးမယ် မင်းကြောင့် ငါ့သားကဓားစာခံဖြစ်ရတယ်
မင်းကဂြိုလ်ဆိုးပဲ"ဂြိုလ်ဆိုးတဲ့။
လှပမလိုနဲ့ မနှစ်မျို့စရာကောင်းလွန်းသော
ထိုနာမ်စား။
သာယာက လူတိုင်းအတွက် ကောင်းကျိုးမပေးတဲ့ ဂြိုလ်ဆိုး။
သာယာမိဘတွေကိုလဲ သာယာကောင်းကျိုးမပေးခဲ့ဘူး။
ထပ်ပြီး သာယာ့ကို စောင့်ရှောက်တဲ့လူတွေကိုလဲ ကောင်းကျိုးမပေးခဲ့ဘူး။
အခုတစ်ခါ သာယာ့ကို သမီးအဖြစ်မွေးစားချင်တဲ့ အန်ကယ်ဦးမိုးနှင်းမိသားစုကိုလဲ သာယာနှောက်ယှက်မိပြန်သည်။
ဒေါ်ထိပ်ထားပြောတဲ့ ဂြိုလ်ဆိုးဆိုတာ
သာယာနဲ့အလိုက်ဖက်ဆုံးဖြစ်မည်ထင်သည်။