7

2.5K 46 0
                                    

°°°သူမ°°°
              အပိုင်း(၇)

ကိုယ့်စိတ်အစဉ် မတင်မကျဖြစ်ကာ
မြင်ကွင်းထဲသို့ မကြာခဏရောက်လာသောသူမ။
ဘာလို့လဲ……။
သူမသာစကားပြောနိုင်ရင် ကိုယ်အဲ့ဒီနေ့က အဲ့ဒီနေရာမှာတင် မေးခွန်းထုတ်မိလိမ့်မည်။
ကိုယ့်လိုလူကို ပြုံးမပြနိုင်အောင် သူမကဘာလဲ။
သာမန်မိန်းကလေးတစ်ယောက်ပဲလေ။
သူမရဲ့လှပမှုကြောင့်မာန်တက်လေသလား။
ထိုအကြောင်းအရင်းကြောင့်သာဆိုရင်
လင်းရောင်နဲ့နေခကိုလဲသူမပြုံးပြမည်မဟုတ်။

ကိုယ်ဟာ သူမနှင့်သာယာချိုအေးလို
မိန်းကလေးမျိုးနှင့် တကယ်ကောင်းကျိုးမမေးဘူးထင်သည်။
အိမ်ကတစ်ယောက်ကလဲ ကိုယ်နဲ့မျက်နှာချင်းဆိုင်ဖို့ ဝန်လေးနေသည်။
သဘက်ခါပင်လက်ထပ်ရတော့မည်။
အိမ်က ရွှေမင်းသမီး ကိုယ့်ရဲ့မဟေသီလျောင်းလျာနှင့်အခုထိ ထိပ်တိုက်မတွေ့ရသေး။

လင်းရောင်မိတ်ဆက်ပေးလို့သိလိုက်ရတဲ့ သူမကျပြန်တော့လဲ အကြောင်းမဲ့စွာ ကိုယ့်အားမလိုလားသည့် မျက်နှာထားနှင့်။
ကိုယ့်အားစိတ်ရှုပ်စရာကောင်းစေသည့် မိန်းမများ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာကြောင့်ပေါ်လာကြပါလိမ့်။

ခက်သည့်စိတ်တစ်ခုက ထိုစိတ်ရှုပ်စေသော
မိန်းမနှစ်ယောက်သည် တစ်ယောက်ထဲလို့
ကိုယ်စွဲချက်တင်ချင်နေမိပြန်သည်။
တစ်ခဏယစ်မူးမိသွားသော ထိုနှုတ်ခမ်းပါးသည် သေချာပေါက် မမေ့နိုင်စရာပါ။
ကိုယ်အရောင်တင်ခဲ့မိတဲ့ နှုတ်ခမ်းငယ်ကို
မမှတ်မိနိုင်လောက်တဲ့အထိ ကိုယ်ဟာမေ့ပျောက်တက်သူမှမဟုတ်ဘဲ။

ခက်သည်။ ကိုယ်သာယာချိုအေးကိုမမြင်ဖူးရခြင်းက ကိုယ်၏စွဲချက်ကို အမှန်တင်ပြလို့မရ။
စိတ်ရဲ့စေစားချက်အရ သူမနှင့်သာယာချိုအေး
တစ်ယောက်ထဲဖြစ်စေချင်သော်လည်း
ဦးနှောက်၏ဆုံးဖြတ်ခြင်းကတော့ တစ်ယောက်ထဲမဖြစ်စေလို။
တစ်ယောက်ထဲသာဖြစ်နေခဲ့ရင် ကိုယ်ဟာသူငယ်ချင်းအပေါ် လွန်စွာအားနာရပေလိမ့်မည်။

မည်သို့ပင်ဖြစ်လာစေကာမူ ထိုမိန်းမငယ်နှစ်ဦးသည် ကိုယ်ချစ်သော မေ တော့ ဘယ်တော့မှဖြစ်လာမည်မဟုတ်။

👑 သူမ 👑 [Completed]Where stories live. Discover now