°°°သူမ°°°
အပိုင်း(၂)"ဝဠာ ဒီအချိန် ကုမ္မဏီမှာရှိနေရမှာမဟုတ်ဘူးလား တစ်ခုခုဖြစ်လို့လား"
ကိုယ့်ချစ်သူဟာ လူကိုမြင်သည်နှင့် မေးခွန်းတွေ တစ်သီကြီးနှင့်စီးကြိုတော့သည်။
ကိုယ့်အတွက် စိတ်ပူပြီးမေးတာမို့
ကိုယ်ဟာကျေနပ်စွာတုန့်ပြန်မိသည်။"မေ့ကိုသတိရလို့လာတာလေကွာ
ပြန်လိုက်ရမှာလား""ကလေးဆန်ချင်လို့လား
မေ မအားဘူးနော် ပြန်သွားရင်လဲ လိုက်မခေါ်ဘူး"ထိုသို့စိတ်ထဲရှိတဲ့အတိုင်းသာတုန့်ပြန်တက်သေးသည်။
အပိုအလိုမရှိပြောဆိုတက်တာကိုပင် ကိုယ်အမှန်တကယ်သဘောကျမိခြင်း။"မေ အလုပ်ရှိသေးရင်လုပ်
ကိုယ်စောင့်နိုင်တယ်""တနေ့လုံး အလုပ်မရှိတဲ့ ဥက္ကဌကြီးပေါ့လေ"
"ဆိုပါတော့ ကိုယ်မနက်ကတည်းက ကုမ္မဏီမသွားတာ"
"ဘာဖြစ်လို့လဲ မမေးတော့ဘူး
မိဘတွေနဲ့အဆင်မပြေဖြစ်လာတာကို မေ သိနေတယ်"ထုတ်ပြောမစရာမလိုလောက်အောင်
ကိုယ့်စိတ်ကို ခန့်မှန်းနိုင်သူလဲဖြစ်သည်။
အချိန်တိုင်းကိုယ်ဟာ အလုပ်ထဲမှာသာ ပျော်မွေ့လေ့ရှိသည်။
ကုမ္မဏီကိုမသွားဘဲနေတဲ့ တနေ့တာဟာ
ကိုယ့်ရဲ့မိဘတွေနဲ့ တစ်ခုခုအဆင်မပြေဖြစ်ရခြင်းကြောင့်သာဖြစ်သည်။
ထိုအချက်ကို မေ ဟာဘယ်သို့သောအချိန်မှာ
သိရှိထားလဲဆိုတာတော့ ကိုယ်မမေးမိ။"နေ့လည်စာရော စားပြီးပြီလား
မေနဲ့အတူစားချင်စိတ်ရှိရင်
သွားစားကြမယ်လေ""ကန်တင်းမှာပဲစားကြမလား
ကိုယ်အပြင်ထပ်မထွက်ချင်လို့""အင်း ဒါဆိုခဏနော်
မေလက်စသတ်လိုက်အုံးမယ်""အင်း အေးဆေးလုပ် ကိုယ်အချိန်ရတယ်"
ကိုယ့်ချစ်သူဟာ အလုပ်ထဲပြန်လည်အာရုံရနေသည်မို့ ကိုယ်လဲ မဂ္ဂဇင်းစာအုပ်တစ်အုပ်နဲ့ အချိန်ဖြုန်းလိုက်သည်။
"ပန်းချီကားက မေ့အတွက်လား"
ဘယ်အချိန် ပန်းချီကားကို ဖောက်ကြည့်လိုက်မှန်းမသိ သဇင်ပန်းပန်းချီဟာ မေ့လက်ထဲလှပလို့နေသည်။