°°°သူမ°°°
အပိုင်း(၃၅)"ဟင်……မမလေး ဒီကိုဘာလာလုပ်တာလဲ"
ခြံအပြင်မှ ဘဲလ်တီးတော့ ကိုနေလင်းလာဖွင့်ပေးသည်။
သာယာ့ကိုမြင်တော့ အံ့သြစွာမေးလာသည်။"အန်တီထိပ်ထားနဲ့လာတွေ့တာပါ
ကိုနေလင်း ကုမ္မဏီကိုမသွားဘူးလား""မသွားဘူးမမလေး
အကိုလေးက သူကိုယ်တိုင်ကားမောင်းတော့
ကျနော်အိမ်မှာပဲနေရတာ ဒါနဲ့ မမလေးဒီကိုလာတာ အကိုလေးသိလား""မောင်မသိပါဘူး……
မောင်ကကုမ္မဏီသွားပြီလေ""မမလေးရယ် ဘာလို့တစ်ယောက်ထဲလာတာလဲဗျာ တော်ကြာ ဆရာကတော်ကတစ်ခုခုလုပ်ရင် ဘယ်လိုလုပ်မလဲ"
"ဘာမှမဖြစ်ပါဘူးကိုနေလင်း
အန်တီထိပ်ထားရှိတယ်မဟုတ်လား
သာယာသွားတွေ့လိုက်ပါ့မယ်""ရှိတယ်မမလေး……ဂရုစိုက်ပါအုံး
တစ်ခုခုဆို ကျနော့်ကိုလှမ်းခေါ်လိုက်""ဟုတ်ကဲ့ ကိုနေလင်း"
သာယာခြံထဲဝင်ခဲ့ပြီးမှ ကိုနေလင်းကတံခါးပြန်ပိတ်သည်။
ခြံကိုလှည့်ပတ်ကြည့်ပြီး ကားတစ်စီးပိုနေတာတွေ့သည်မို့~"ကိုနေလင်း မိုးမြင့်မေ အိမ်မှာရှိနေတာလား
သူအလုပ်မသွားဘူးလား""မသွားတာလား မသွားသေးတာလား မသိဘူးမမလေး လောလောဆယ်တော့ အိမ်မှာရှိတယ်"
"အော်……အခုကိုနေလင်းလိုက်မပို့ရတော့ဘူးပေါ့"
"ဟုတ်တယ်ဗျ သူ့ကားနဲ့သူပဲသွားတာ
အရင်ကလဲ လိုက်ပို့ခိုင်းချင်လို့မဟုတ်ပါဘူးမမလေးရာ……အကိုလေးစီသွားချင်လို့ သက်သက်ဒုက္ခပေးနေတာပါ""သာယာ မေးစရာလေးရှိလို့
ကိုနေလင်းအဆင်ပြေမလား""ဘာလဲမမလေး မေးပါ"
"မိုးမြင့်မေကို အရင်ကတည်းကသိတာဆိုတော့
သူ့မှာညီမရှိတာသိလားဟင် မြင်ရောမြင်ဖူးလား""ကျနော်တော့ မသိဘူးဗျ
အကိုလေးကတော့သိမှာ……
အော် ဟိုတခါသူ့ညီမနာရေးတုန်းကတော့
ရောက်သေးတယ် ဒါပေမဲ့ မမြင်ဖူးပါဘူး"