°°°သူမ°°°
အပိုင်း(၃၀)ဒယ်ဒီနဲ့ဖုန်းပြောပြီးနောက် သက်ပြင်းမောတစ်ခုကို ချကာအိမ်ထဲပြန်ဝင်ဖို့ပြင်လိုက်ချိန် မိုးရိပ်တစ်ကိုယ်လုံး အေးခဲသွားစေခဲ့သည်။
မိုးရိပ်ရဲ့နောက်မှာ မသင်္ကာသော မျက်ဝန်းတို့ဖြင့် ကြည့်နေသော အန်တီထိပ်ထား။
"အန်တီထား……"
"မင်း……ဘယ် သူ လဲ "
"ရှင် ..မေလေအန်တီထားရဲ့"
"မင်းမိဘတွေကို ဘာလို့လိမ်နေတာလဲ
မင်းညီမက ဆုံးသွားပြီလေ""အဲ့ဒါက……အဲ့ဒါက……ဒယ်ဒီတို့စိတ်ဆင်းရဲမှာစိုးလို့ပါ"
"မင်းကမိုးမြင့်မေမဟုတ်ဘူးမို့လား
သေချာပေါက် မင်းကမိုးရိပ်မေဖြစ်လိမ့်မယ်""မဟုတ်ပါဘူး မေပါ ကျမမိုးမြင့်မေပါ"
"ငါ့ကိုလိမ်ဖို့မကြိုးစားနဲ့မိုးရိပ်မေ
ငါဟာအိမ်ထဲမှာပဲနေတဲ့လူဆိုပြီး မင်းလှည့်စားဖို့မကြိုးစားနဲ့……မင်းသာမိုးမြင့်မေဆိုရင်
မင်းရဲ့ကုမ္မဏီအောက်ခြေက
ခြစားနေစရာအကြောင်းမရှိဘူး……
မိုးမြင့်မေဟာ စီးပွားရေးမှာ သိပ်တော်တဲ့မိန်းကလေး……သူသာဆိုရင် ကုမ္မဏီတစ်ခုလုံး
အောက်ကိုထိုးကျမှာမဟုတ်ဘူး""အဲ့ဒီအချက်တစ်ခုထဲနဲ့ ကျမကမိုးရိပ်မေပါလို့
အန်တီထားကစွပ်စွဲလိုက်တာလား""အဓိကအချက်……မိုးမြင့်မေက
မိုးထက်ဝဠာစိတ်ချမ်းသာမှုတစ်ခုကိုပဲ တွေးတဲ့မိန်းကလေး……မင်းလိုပိုင်ဆိုင်လိုစိတ်ပြင်းပြနေတဲ့သူမဟုတ်ဘူး……ဟင်း……ဟင်း……ဒီလောက်ဆို မင်းသိမှာပါ မိုးရိပ်မေ""အန်တီထားက ထင်ထားတာထက်ပိုပြီး
သွက်နေတာပဲ……ဟုတ်တယ် ကျမမိုးရိပ်မေ…
အဲ့ဒီတော့ အန်တီထားက ဘယ်လိုဖြစ်စေချင်လဲ
မိုးရိပ်က မမ မဟုတ်ဘူးဆိုတဲ့အကြောင်း
ဝဠာ့ကို သွားပြောမှာတော့ မဟုတ်ပါဘူးနော်""မင်းနဲ့အန်တီက ရည်ရွယ်ချက်ချင်းတူတဲ့သူတွေပါ မိုးရိပ်မေ……မင်းက မိုးမြင့်မေပဲ ဖြစ်ဖြစ် မိုးရိပ်မေပဲဖြစ်ဖြစ် အန်တီစိတ်မဝင်စားဘူး……
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သာယာချိုအေးကို
သားအနားက ဆွဲထုတ်ဖို့ပဲ……သားကိုသိပ်ချစ်တဲ့မင်းက ဒီတိုင်းကြည့်နေမှာမဟုတ်ဘူးလို့ အန်တီထင်တယ်……ဟင်း……ဟင်း……
အမတစ်လောက်လုံးသေတာတောင် ဖုံးကွယ်ထားတဲ့ကိစ္စ မင်းမိဘတွေသိသွားရင်
ပြီးတော့ မင်းက မိုးရိပ်မေဆိုတာ သားသိသွားရင်……"