°°°သူမ°°°
အပိုင်း(၃၉)"သား……ချစ်သူရနေပြီလား"
ရုတ်တရက်မေးလာသော မေမေ့အသံကြောင့်
နေခလက်ထဲကဖုန်းလေးပင်လွတ်ကျသွားသည်။"မေမေ"
"မေမေနားလည်ပါတယ်ကွယ်…
သားလဲအရွယ်ရောက်နေပြီပဲ…
ချစ်သူရည်စားရှိတာအဆန်းမဟုတ်ပါဘူး
မေမေတို့ကတောင် သားကိုအိမ်ထောင်ဖက်ရှာပေးဖို့ တိုင်ပင်နေကြတာပါ……""အဲ့လိုမဟုတ်သေးပါဘူးမေမေ"
"ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ
သားမိန်းကလေးကို မေမေတို့နဲ့တွေ့ဖို့ခေါ်လာခဲ့အုံးလေ""မဟုတ်ဘူးမေမေ ခေါ်လာလို့မဖြစ်ဘူး"
"ဘာလို့လဲသားရဲ့…မေမေတို့က ကန့်ကွက်မှာစိုးလို့လား…စိတ်မပူပါနဲ့ကွယ်
မေမေတို့ကသားအိမ်ထောင်ရေးကို မစွတ်ဖက်ပါဘူး…သားမိန်းကလေးကို တွေ့ယုံပါပဲ""မေမေရယ်……"
နေခ မေမေ့ကိုသွားဖက်လိုက်သည်။
မိဘတွေကို မညာချင်တာမို့ ဖွင့်ပြောဖို့သာဆုံးဖြတ်လိုက်သည်။
နီးစပ်ဖို့မှမဖြစ်နိုင်ဘဲ ထပ်ပြီးဝေးကြလဲ ထူးဆန်းတော့မည်မဟုတ်။"မေမေ……"
"ပြောလေသား……ဟော…မေမေ့သားမျက်ရည်တွေတောင်ကျလို့ပါလား……
အင်း…သားကိုမျက်ရည်ကျအောင် စွမ်းဆောင်နိုင်တယ်ဆိုတော့ အဲ့မိန်းကလေး မခေဘူးပဲ
မေမေ့သားအတွက် မေမေတို့သဘောတူဖို့
စဉ်းစားရမယ်ထင်တယ်""သားတောင်းပန်ပါတယ်…
မေမေတို့ကို ဂုဏ်ယူဖို့ မစွမ်းဆောင်နိုင်ခဲ့လို့
တကယ်တောင်းပန်ပါတယ်…သားကိုမွေးခဲ့မိလို့
မေမေနဲ့ဖေဖေနောင်တရမယ်ဆိုလဲ
သားလက်ခံပါတယ်""သားရယ် ဘာတွေဖြစ်နေတာလဲ
မေမေ့ကိုသေချာပြောပါအုံးကွယ်
မေမေတို့ကသားကိုမွေးခဲ့တာ ဘယ်တော့မှနောင်တမရပါဘူးကွယ်""သားချစ်သူက…မေမေထင်နေသလို မိန်းကလေးတစ်ယောက်မဟုတ်ဘူး…သားချစ်နေမိတာ
ယောကျာ်းလေးတစ်ယောက်ဖြစ်နေတယ်မေမေ
ဟီး……အီး……သားတောင်းပန်ပါတယ်"