°°°သူမ°°°
အပိုင်း(၉)ညကတည်းက အိပ်လို့မပျော်သည်မို့
မနက်ရောက်တော့ မျက်နှာကအတော်လေးချောင်ကျနေသည်။
အိပ်လို့မပျော်ခဲ့ဘူး။
အသိစိတ်ထဲက သူမပျောက်သွားခဲ့ရင်
အိပ်မက်ထဲမှာ သူမထားရစ်ခဲ့မှာကို ကိုယ်ကြောက်နေခဲ့ရသည်။ကိုယ်မှားနေခဲ့တယ်ဆိုတာသိပေမဲ့
သူမအတွက် ကိုယ်အမှားများစွာကို
မျက်စိမှိတ်ပြီးကျူးလွန်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်သည်။"ဝဠာ တစ်မနက်လုံးမင်းပြုံးနေတာ
သာယာချိုအေးနဲ့လက်ထပ်ရမှာ အဲ့လောက်တောင်ပျော်လား"နေခမေးတာကိုမဖြေပဲ ကိုယ်နှစ်နှစ်ခြိုက်ခြိုက်ထပ်ပြုံးမိပြန်သည်။
"ရူးမသွားနဲ့အုံး
မင်းလက်ထပ်ရမှာ မင်းချစ်သူမိုးမြင့်မေမဟုတ်ဘူး"မေ့နာမည်ကြားတော့ ကိုယ်တကယ်အားနာသွားရသည်။
မေ့အပေါ်တွယ်ခဲ့တဲ့ ကိုယ့်သံယောဇဉ်က ဖြူ စင်သွားဟန်ရှိသည်။
တောင်းပန်ပါရစေမေ။ ကိုယ်ဟာ မေ့ယုံကြည်မှုနဲ့မထိုက်တန်ခဲ့ဘူး။
မေကကိုယ့်အချစ်ဦးမို့ သူမတူအောင် ကိုယ်ချစ်ခဲ့ပါတယ်။ ဒါပေမဲ့ အချစ်ဆုံးတော့ ဖြစ်မလာခဲ့ဘူး။
မေကျေနပ်တဲ့အထိကိုယ်တောင်းပန်ပါ့မယ်။*Ring …… ring ……*
"ဝဠာ မင်းဖုန်းမြည်နေတယ်
ကိုင်လိုက်အုံး……""အင်း ကိုယ်မကြားလိုက်ဘူး"
"လွတ်နေပြီ ငါ့ကောင်"
နေခနဲ့စကားနိုင်မလုဘဲ လင်းရောင်ရဲ့ဖုန်းကိုသာဖြေဖို့ကိုင်လိုက်သည်။
"လင်းရောင် လာပြီလား"
" ………"
"ဟင် ဒါဆိုမလာနိုင်ဘူးပေါ့မင်းက"
"…………"
"ဘယ်တက်နိုင်မှာလဲ အရေးတကြီးသွားရတာဆိုတော့ ကိုယ်နားလည်ပါတယ်
မင်းကိုပြောစရာရှိတာလဲ မင်းပြန်လာမှပြောတော့မယ်""…………"
"ok see u သူငယ်ချင်း အဆင်ပြေပါစေ"
ကိုယ်ဖုန်းပြောတာကို နေခကစိတ်ဝင်တစားနားထောင်နေသည်။