°°°သူမ°°°
အပိုင်း(၂၂)ဆေးရုံမှာ အကြာကြီးအိပ်နေခဲ့ရလို့ဖြစ်မည်။
သာယာ့မျက်လုံးတွေက ဆက်အိပ်မပျော်ဘဲ အလိုအလျောက်နိုးလာတော့သည်။
အပြင်မှာတော်တော်နေမြင့်နေသော်လည်း
အခန်းတွင်းမှာတော့ မီးရောင်မှိန်မှိန်သာရှိသည်။
အခန်းတွင်းမီးရောင်မှိန်မှိန်ကြားက သူ့ကိုရှာမိတော့ သာယာ့ဘေးတွင် ခုတင်ပေါ်ခေါင်းစောင်းကာအိပ်ပျော်နေသည်။သာယာသူ့ကိုအားနာမိသလို သနားလဲသနားရသည်။
သာယာ့ကြောင့် သူဆေးရုံမှာပင်ပင်ပန်းပန်းဖြစ်သလိုနေရသည်။
အနားမှာလိုလေသေးမရှိအကုန်လိုက်လုပ်ပေးသည်။
သူ့ခေါင်းကဆံပင်လေးတွေထဲလက်ထိုးကာ ဆံပင်နုနုတို့ကို ကိုင်မိသည်။
အမြဲတမ်းလှန်တင်ထားတဲ့သူ့ဆံပင်တွေကဘေးတစ်စောင်းသူ့နှဖူးပေါ် အုပ်ကျနေသည်။
ဒီပုံစံနဲ့လဲ သူဟာတစ်မျိုးလေးကြည့်ကောင်းပြန်သည်။ရုတ်တရက်သူမျက်လုံးဖွင့်လာသည်မို့ သာယာလက်ကိုပြန်ရုတ်လိုက်ရသည်။
"ပန်လေးအိပ်မပျော်ဘူးလား
ဘာလုပ်ချင်လို့လဲ မောင့်ကိုပြော""အိပ်ပျော်ပါတယ်……မနက်လင်းနေပြီမို့နိုးတာ
ဘယ်အချိန်ရှိပြီလဲဟင်""8နာရီခွဲ နိုးနေတာကြာပြီးလား
Sorry မောင်အိပ်ပျော်သွားတယ်""ရပါတယ် သူအိပ်ရတာအဆင်မပြေရင်
ဒီပေါ်လာအိပ်လေ"သာယာအိပ်နေတဲ့ ခုတင်ကိုလက်နဲ့ပုတ်ပြလိုက်သည်။
ဆေးရုံခုတင်က VIPခန်းမို့ နှစ်ယောက်တော့အိပ်လို့ရသည်။
မဟုတ်လဲ သာယာကဆက်အိပ်လို့မရတော့။"မောင် မအိပ်ချင်တော့ပါဘူး
ပန်းလေးပြန်အိပ်လေ""သူကဘေးမှာဖြစ်သလိုအိပ်နေတော့
သာယာအိပ်မပျော်လို့ လာပါဒီပေါ်မှာအိပ်လိုက်
သာယာအိပ်ရတာညောင်းနေပြီ ထိုင်နေလိုက်မယ်""တော်ပြီ အဲ့လိုဆို မောင်ပိုပြီးမအိပ်ချင်တော့ဘူး"
"ဟင် ဘာလို့လဲသူညကလဲကောင်းကောင်းမအိပ်ရဘူးလေ"
"မောင်က ပန်းလေဘေးမှာအတူတူအိပ်ချင်တာလေ ပန်းလေးကိုရင်ခွင်ထဲထည့်ပြီး"