°°°သူမ°°°
အပိုင်း(၁၃)ဒေါသမီးဟုန်းဟုန်းတောက်နေသော ဒေါ်ထိပ်ထား၏အကြည့်တို့က နေရာတွင်ပင်ပြာကျသွားလုနီးပါးဖြစ်ရသည်။
သာယာနဲ့သူ့ပုံတွေကဘာလို့ TVမှာပါလာရတာလဲ။
အားလုံးကို အကျဉ်းရုံးလုပ်ခဲ့ကြတာပါ။ဒီကိစ္စအတွက် ဒေါ်ထပ်ထားကသာယာ့ကို အထင်လွဲနေတာလား။
မဟုတ်ဘူးနော်။ သာယာဘာမှမသိဘူး။မကြည့်ပါနဲ့ဒေါ်ထိပ်ထားရယ်။
ဓားသွားတစ်စင်းလိုစူးနစ်ဝင်သွားနိုင်တဲ့ အဲ့ဒီအကြည့်တွေကို သာယာကြောက်လို့ပါ။မဟုတ်ဘူး။ သာယာလုပ်တာမဟုတ်ပါဘူး။
တရွေ့ရွေ့လျှောက်လာနေသော ဒေါ်ထိပ်ထားကို သာယာလက်လေးတွေအကြိမ်ကြိမ်ခါပြနေမိသည်။
ခေါင်းယမ်းရလွန်းလို့လဲ ခေါင်းတစ်ခုလုံး ချာချာလည်နေသည်ဟုထင်နေမိသည်။ကျလုလုမျက်ရည်စတို့သည် ဆံပင်တို့ကိုအဆွဲခံလိုက်ရသည့်နောက် အလုံးအရင်းကျဆင်းကုန်ကြတော့သည်။
"ညည်းကြောင့်……မိန်းမယုတ်မ"
ဟင့်အင်း……သာယာမိန်းမယုတ်မဟုတ်ပါဘူး။
"ညည်းလဲညည်းအမေတုန်းကလိုပဲ
ငါ့ကိုစိတ်ဆင်းရဲအောင်လုပ်တယ်
ငါ့ဘဝကို အမျိုးမျိုးဖျက်စီးတယ်
လာစမ်း……ညည်းကိုငါအရှင်မထားဘူး"တောင်းပန်ပါတယ်……သာယာရှိခိုးပြီးတောင်းပန်တာမို့လို ကျေးဇူးပြု ပြီးလွှတ်ပေးပါ။
ဦးခေါင်းတစ်ခုလုံးပူထူနေမှုက မျက်လုံးတွေပင်ဝေဝါးလာသည်အထိခံစားရသည်။
သာယာ့ဆံနွယ်ရှည်တို့သည် ဒေါ်ထိပ်ထားလက်၌ရစ်ပတ်ကာ ဦးညွှတ်လျှက်။ကူကယ်ရာမဲ့စွာ ကယ်တင်မည့်သူကိုခေါ်မိသော်လည်း နှုတ်ဖျားကမည်သည့်စကားတစ်ခွန်းမျှထွက်ကျမလာဘဲ တူညီသောထိုတစ်လုံးသာထွက်လို့လာသည်။
အပြင်ကတံခါးတဒုန်းဒုန်းထုသံကိုကြားနေရသော်လည်း ဒေါ်ထိပ်ထား၏ရိုက်ချက်များကတော့ ရပ်တန့်မသွားပါဘဲ သာယာ့ပါးပြင်ထက် ဆက်နေသည်။
"ထိပ်ထား တံခါးဖွင့်စမ်း……
မင်းအပြစ်မရှိတဲ့ကလေးကို မနှိပ်စက်နဲ့
အခုချက်ချင်းတံခါးလာဖွင့်……"