°°°သူမ°°°
အပိုင်း(၁၇)အတိတ်တို့မည်သည်……………
"ထိပ်ထားကတော့ လုံးဝငြင်းမပေးနိုင်ဘူး
ကိုကို""ထိပ်ထားရယ် ညီမလေးက လိမ်မာပါတယ်
ကိုကို့မှာချစ်သူရှိတာသိရက်သားနဲ့ကွာ
ဖေဖေတို့မေမေတို့က ထိပ်ထားငြင်းရင်လက်ခံမှာပါ""ဘာလို့ထိပ်ထားနဲ့လက်မထပ်ချင်တာလဲ ကိုကို
ထိပ်ထားကိုမချစ်ဘူးလား""ချစ်တာပေါ့ထိပ်ထားရယ်
ထိပ်ထားကိုကို့အတွက် ညီမလေးပဲဟာ""တော်ပြီကိုကို ဘာမှဆက်မပြောနဲ့တော့
ထိပ်ထားဘက်က အပျက်ပြောပြီးသားမို့
ထပ်ပြီးမတောင်းဆိုပါနဲ့
ကိုကိုရဲ့ဘာမဟုတ်တဲ့ချစ်သူကိုလဲ မေ့လိုက်
မဟုတ်ရင် သူ့ကိုဒုက္ခရောက်သွားအောင်
ထိပ်ထားလုပ်ပစ်မှာနော်""ထိပ်ထားရယ် ဘာလို့အဲ့လိုအတွေးမျိုးဝင်ရတာလဲကွာ ကိုကို့ညီမလေးက စိတ်ထားနူးညံ့ရဲ့သားနဲ့ သူများတစ်ဖက်သားကို အဲ့လိုမလုပ်တာ ကိုကိုသိတယ်"
"တခြားအရာတွေနဲ့ ထိပ်ထားနူးညံ့ချင် နူးညံ့လိမ့်မယ်ကိုကို……ကိုကိုနဲ့ပတ်သက်ရင်တော့ ထိပ်ထားမနူးညံ့နိုင်ဘူး ကိုကိုအဲ့ဒီ ယဉ်ယဉ်ငြိမ်းစီသွားနေအုံးမယ်ဆိုရင် အန်ကယ်တို့ကိုပြန်တိုင်
ပြီး သူ့ဘဝပျက်စီးသွားအောင်လုပ်ပစ်မှာ""ကိုကိုကယဉ်ငြိမ်းနဲ့လမ်းခွဲပြီး ထိပ်ထားကို
လက်ထပ်လိုက်တာနဲ့ထိပ်ထားပျော်မယ်ထင်လို့လား""အပျော်ဆိုတာ ထိပ်ထားဖန်တီးယူလို့ရတယ်ဆိုတာ ကိုကိုမမေ့နဲ့ ကိုကိုတောင် မကြာခင်
ထိပ်ထားလက်ထဲရောက်တော့မဲ့ဟာ
ပျော်ရွှင်မှုလောက်တော့ ထိပ်ထားစာမဖွဲ့ဘူး""ကိုကိုကထိပ်ထားကို ညီမလေးတစ်ယောက်လိုပဲချစ်တာ ထိပ်ထားသိသိကြီးနဲ့ မရူးမိုက်စမ်းနဲ့
ကိုကိုချစ်တာ ယဉ်ငြိမ်းကိုပဲ သူကကိုကို့လက်တွဲဖော်""မပြောနဲ့ကိုကို အဲ့ဒီမိန်းမကို သိပ်ချစ်ကြောင်းထပ်မပြောနဲ့ စောင့်ကြည့်စမ်းပါကိုကို
လက်ထပ်ပြီးတာနဲ့ ကိုကို ထိပ်ထားကို
ချစ်ကိုချစ်ရမယ်"