Canteenတွင် ထမင်းစားရန် ကျောင်းသားကျောင်းသူများ အလှည့်ကျ တန်းစီနေကြသည် .. အချိန်စောသေးတာကြောင့် လူတော့သိပ်မများ.. ဒီကျောင်းကနေ့လည်စာထမင်းပါ ကျွေးသည် .. အများနှင့်ဖြစ်တာကြောင့် ဟင်းကတော့ မကောင်းတလီမကောင်းတလှည့်ပေါ့ .. ဆန်ချောမဟုက်ပေမဲ့ စားလို့တော့ရသည်. ကျောင်းမှာ Canteen၂ခုရှိသည် .. အခကြေးငွေနဲ့အခမဲ့ပေါ့... အနံကြီးကွင်းကျယ်တွေကတော့ ကျောင်းထဲက ပိုက်ဆံနဲ့ပေးဝယ်စားရတဲ့ ဆိုင်မှာ သပ်သပ်ရပ်ရပ်လှလှပပ စားသည် . အလကားးးး အဲ့တာ သက်သက်မဲ့ ပိုက်ဆံဖြုန်းတာ ... ကျောင်းစရိတ်နဲ့တင် နင့်နေတာကို စားစရိတ်အတွက်ပါ မိဘတွေကို မညှာတာ ....
သူတို့အခကြေးငွေနဲ့Canteenက ကြည်နူးတို့ အခမဲ့Canteen ရဲ့ဘေးမှာဖြစ်သည် . .. ကြည်နူးကတော့ စားချိန်သောက်ချိန်ဖြစ်တာကြောင့် အဲ့ဖက်ကို လှည့်လဲမကြည့်သလို စိတ်လဲမဝင်စား ကိုယ်လုပ်စရာရှိတာပဲလုပ်သည် ..
ဒီနေ့. Board မှာရေးထားတာက ငါးပိသုတ်နဲ့ ကြက်သားဆီပြန်ဟင်း .. ဒါပေမဲ့ ဆီဗောလွေှာရာ ရေနိုင်နိုင်ဖြင့် ကြက်သားကို ပြုတ်လုံးထားတာကြောင့် ကြည်နူးကတော့ ကြက်သားရေလုံပြုတ်လို့ပဲ ခေါ်သည်. .
.ကြည်နူးလုံးဝမကြိုက်တဲ့ ဟင်းကျွေးတဲ့နေ့ အိမ်မှာဟင်းကောင်းတဲ့နေ့မှ ထမင်းဗူးယူသည် .. အစားအစာနဲ့ပတ်သက်ရင်တော့ ကြည်နူးဂျီမများတတ် ကြည်နူးမကြိုက်တာမစားတာ မရှိသလောက်ရှားသည် .. တွေ့ရာ စားလို့ရတာမှန်သမျှ အကုန်စားသည် .. အစားစားရတော့မည်ဆို ပျော်သည် .. ခုချိန် ပတ်ဝန်းကျင်ကိုလည်း ကြည်နူး အထူးအထွေဂရုစိုက်နေမည်မဟုက် ... သူ့စိတ်ထဲရှိတာ ဟင်းတုံးကောင်းကောင်းရရန်ပဲ .....
ဒီနေ့ဟင်းထည့်ပေးဖို့တာဝန်ကျတာက ၀န်းထမ်းအသစ်လားမသိဖူးးး
ကောင်မလေးငယ်ငယ်လေးးးတစ်ယောက်ဖြစ်သည် ...
အရင်နေ့တွေက အဒေါ်ကြီးတွေကိုမတွေ့ပါ့လားး ....😥 ကြည်နူးက ဟင်းထည့်ပေးသည့် အဒေါ်ကြီးတွေကို မျက်နှာချိုချို အသံချိုချိုလေးနှင့် ချွဲနွဲ့ကာ ဟင်းပိုတောင်းနေကျဖြစ်သည် ... 😁
YOU ARE READING
Waking Love UP
Teen FictionThis story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလို စတယ် .......? UNICODE ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလို စ...