EP-18

37.2K 3.9K 409
                                    

ညနေ ကြက်တောင်ရိုက်ပြီး စက်ဘီးစီးလျှက် အိမ်ကို ပြန်သောလမ်းတွင် ရုတ်တရက် လမ်းမပေါ် ပြေးတတ်လာသော ကလေးငါးယောက် အဖွဲ့တစ်စုက မင်းမြတ် လမ်းကြောင်းကို ပိတ်ရပ်ထားသည်။ မင်းမြတ် စက်ဘီးကို အမြန် ဘရိတ်အုပ်ကာ နားမှာ တပ်ထားသော နားကြပ်ကို ဖြုတ်လိုက်သည်။

ကလေးဓားပြတွေလား ...

အချိန်ကလည်း ညနေနေ၀င်ရီတရော၊ ဒီလမ်းအပိုင်းမှာ အပင်စိုက်ခြံကြီးတွေပဲ ရှိတာကြောင့် လူသွားလူလာရှင်းရှင်း။ မင်းမြတ်အတွေးနှင့် ကြက်သီးထသွားသည်။

""အကိုကြီး .. အကိုကြီး""

အနားကို တဖုတ်ဖုတ်ပြေးလာသော ကလေးတွေကြောင့် မင်းမြတ် ထိတ်လန့်မှု့က နှစ်ဆတိုးသွားသည်။

""ကလေး.. ကလေးတွေ ဘာဖြစ်လာလို့လဲ""

ဟန်ကိုယ့်ဖို့ အနေနှင့် မည်မျှပင် ထိတ်လန့်နေပါစေ မျက်နှာမှာ မပေါ်လွင်အောင် ထိန်းထားရင်း အသံတုန်တုန်ရီရီနှင့် မေးလိုက်သည်။

""ကျွန်တော်တို့ခေါင်းဆောင်ကြီး သရက်သီးခူးဖို့ သစ်ပင်ပေါ်တတ်သွားပြီး ပြန်မဆင်းတတ်တော့လို့ ကူညီပေးပါဦး အကိုကြီး .. ကျွန်တော်တို့ သရက်သီးခွဲပေးပါ့မယ်""

အော် .. ဓါးပြတိုတ်တာမဟုက်လို့ တော်သေးတာပေါ့..

မင်းမြတ် အခုမှ စိတ်သက်သာရာရသွားပြီး သက်ပြင်းချနိုင်တော့သည်။

နေပါဦး ... ဒီကလေးတွေကတော့ လူကို ရိုးရိုးသားသားအကူအညီတောင်းလည်း ရပါတယ်။ သရက်သီးခွဲပေးမယ်လေး ဘာလေးနဲ့။ မသိရင် ကူညီမဲ့လူက သူတို့ပေးမဲ့ သရက်သီးမက်လို့ဖြစ်ဦးမယ်။ မက်လုံးပေးပြီး ပြောပုံဆိုပုံကိုက တစ်စုံတစ်ယောက်ရဲ့ လေသံအတိုင်းပဲ။

ဘာမဆိုင်ညာမဆိုင် ဆွဲသွင်းသတိရမိတဲ့သူက တစ်ယောက်။ ထိုတစ်ယောက်အကြောင်းပါလာသည်နှင့် မင်းမြတ်မျက်နှာက အော်တို မဲ့ရွဲ့ပြီးသား

""ဘယ်မှာတုန်း မင်းတို့သူငယ်ချင်းက .. ဝေးလား""

ကိုယ့်အတွေးနဲ့ကိုယ် အမြင်မကြည်မိတာကြောင့် မင်းမြတ်အသံက ပျော့ပြောင်းနေမည်မဟုက်။

Waking Love UPWhere stories live. Discover now