EP-35

34.9K 3.8K 994
                                    

Video ပြီးဆုံးသည်အထိ ကြည်နူးနေနိုင်က ဘာအသံမှမထွက်။ မျက်ရည်ထပ်မကျပဲ ကြည်နူးနေနိုင်မျက်နှာမှာ အတွေးများက ဖြန့်ကျက်နေသည်။

ကြောင်ပေါက်စိတ်ထဲက မင်းမြတ်ကို အပြတ်ရှင်းထုတ်ဖို့ အချိန်ကောင်းပဲ။

အသံမထွက် တွေဝေရှုပ်ထွေးနေသော အတွေးများနှင့် အံ့သြမှင်သက်နေသော ကြည်နူးနေနိုင်ကို ရတုက စတင်ပြီး

""ငါလဲ ကိုယ့်ငယ်သူငယ်ချင်းအကြောင်းကို မကောင်းမပြောချင်ပါဘူး။ တကယ်တော့လေ... မင်းမြတ်ဆိုတဲ့အကောင်က ....""

""ဒါက  .... Copyရှိသေးလား""

မင်းမြတ်အကြောင်းကို ထင်းခနဲလင်းခနဲ ထောက်ပြမည် အစချီကာမှ အဆက်အစပ်မရှိ။ ကြည်နူးနေနိုင်က ထ မေးသည်။

""ဟင် .. အင်း .. Copy မရှိဘူး။ ဒီတစ်ခုပဲရှိတယ်။ အဲ့ဒါအသာထား။ ခုနကစကားပြန်စရင်....""

ကြည်နူးက Laptopက Stick ကို ဆက်ခနဲ ဖြုတ်ယူသည်။

""ကျေးဇူးပဲ။ Videoကောင်းကောင်းကြည့်ခဲ့ရတယ်""

Stickယူပြီး Laptopကို ရတုထံ ပြန်ထိုးပေးသည်။ ကားတံခါးကို ဖွင့်ရန်ပြင်ပေမဲ့ လော့ခ်ချထားတာကြောင့်

""ကောင်ရှင်း ... ကိစ္စထပ်မရှိတော့ရင် ငါ့ကို လော့ခ်ဖွင့်ပေးပါ့လား။ ငါ ကားထဲမှာ အသက်ရှုကြပ်လို့""

ရတုကို တစ်ချက်မကြည့်။ သူ့ကိုယ်သူ ရေရွတ်ညီးတွားသလို အသံညှောင်နာနာလေးနှင့် ပြောသည်။ ကြည်နူးရုပ်နဲ့နာမ် ကွဲထွက်သလို ဂယောင်ခြောက်ခြား ဖြစ်သွားတာကြောင့် ရတုပင် မိမိအပြစ်မကင်းဟု တွေးမိပြီး ကြည်နူးကို သနားစိတ်ဝင်ချင်ချင်ဖြစ်သွားသည်။

""အော် .. အင်း""

စကားက နောက်မှ ပြောလို့ရသည်။ အရင်ဆုံးအောက်စီဂျင် ပြတ်လပ်ပြီး ကိုယ့်ကားထဲ မသာမပေါ်ဖို့ အရေးကြီးသည်။ ပြီးမှ ဆက်ပြောရမယ်။

ကားတံခါးလော့ခ်ကို ဖွင့်ပြီးသည့်နှင့်

""ကြောင်ပေါက်ရေ့... အဲ့တော့ ... ငါပြောချင်တာကလေ မင်းမြတ်ဆိုတဲ့အကောင်က ...""

 ရတုစကားကို ကြည်နူးက စိတ်မ၀င်စား။ ကားတံခါးကိုဖွင့်ကာ ဆင်းရန်ပြင်သည်။ ကြည်နူးလက်မောင်းကို ရတု ဖမ်းဆွဲကိုင်လိုက်ပြီး

Waking Love UPWhere stories live. Discover now