""ဒါလေးသောက်ပါဦး""
အ၀တ်လဲခန်းတွင် အားကစားသမားများကို မင်းမြတ်ကိုယ်တိုင် အားဖြည့်အအေးပုလင်း ဝေငှနေသည်။
""ကျေးဇူးပါဗျ""
""ဟုက်ကဲ့ .. ဒါနဲ့ ဒါလူအစုံပဲလားဗျ .. အကုန်စုံအောင် ဝေချင်လို့ပါ..ဖေဖေက အားကစားသမားတွေအတွက် လာပို့ထားတာ""
လက်နှစ်ဖက်မှာ အအေးပုလင်းများကိုင်လျှက် အပြုံးချိချိုလေးနှင့် မင်းမြတ်က နည်းပြကိုမေးသည်။
ဟိုကြည့်ဒီကြည့်လူစစ်ပြီးနောက်""ဟို ကျွန်တော်တို့ အုပ်စုထဲကဆို မျိုးကိုဦးတစ်ယောက်ကို မတွေ့ဘူးဗျ""
""သြော် .. ဟုက်ကဲ့ .. ဒါဆို တစ်ပုလင်းပဲလိုတော့တာပေါ့""
မင်းမြတ်လက်ထဲမှာ ပိုနေသော ပုလင်းများကို ချပြီး ပုလင်းတစ်ပုလင်းထဲကို ယူကာ အခန်းပြင်ထွက်ခဲ့သည်။
""မင်းမြတ်!""
ပန်းဖွားနှစ်ခုကို စုံကိုင်ကာ မင်းမြတ်ရှေ့ကို လူတစ်ယောက်က ပိတ်ရပ်လိုက်သည်။ မျက်နှာကို ကွယ်ထားသော ပန်းဖွားနှစ်ခုကို ဖယ်လိုက်တော့ ကြည်နူးမျက်နှာကြီးက ဘွားခနဲ။
""ကြည်နူးနေနိုင်!""
မင်းမြတ်တအံ့တသြဖြစ်သွားသည်။
မလာပါနဲ့လို့ ဒီလောက် အတန်တန်ပြောထားတဲ့ကြားက ရောက်ဖြစ်အောင် ရောက်လာသေးသည်။
မင်းတကယ်ပဲ ငါ့စိတ်ကို မသိဘူးလား....
မျက်နှာအပျက်ပျက်အယွင်းယွင်းနှင့် တုန်လှုပ်နေသော မင်းမြတ်မျက်နှာက ၀မ်းသာသွားခြင်း တစ်စက်မှမရှိ။ မင်းမြတ်မျက်ဝန်းတို့ မျက်ရည်ကြည်များ ရစ်သိုင်းလာကာ ကြည်နူးနေနိုင်ကို မလိုလားခြင်းများနှင့် စိုက်ကြည့်နေသည်။ ကြည်နူးရဲ့အနောက်မှာ ဘောင်းဘီအိပ်ကပ်ထဲ လက်နှစ်ဖက်ထည့်ထားလျှက် စတိုင်ပါပါနှင့် ရတုက ကပ်ရပ်နေသည်။
မင်းမြတ် reactionကြောင့် ကြည်နူးသွားဖြဲပြုံးထားသော အပြုံးတို့လဲ တစ်ဖြည်းဖြည်းတည်သွားသည်။ အပြစ်လုပ်ထားပြီး မလုံမလဲနှင့်
""ဟို အားပေးတဲ့သူ မရှိမှာစိုးလို့ .. ဆရာမနဲ့အတူတူ လိုက်လာတာ .. ""
YOU ARE READING
Waking Love UP
Teen FictionThis story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလို စတယ် .......? UNICODE ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလို စ...