""ငါ့ကိုဘာမှ ပြောစရာမရှိဘူးလား .. ဒီပါ""
ကျောင်းအပြန်လမ်းမှာ ရတုရဲ့အနောက်ကို လိုက်ပါလာသော ရတီအမေး .. ရတု ပခုံးမှာလွယ်ထားသော လွယ်အိတ်ကြိုးတစ်ဖက်ကို တင်းခနဲ တစ်ချက်ဖြစ်ညစ်ပြီးနောက် မျက်နှာမှာ လျှပ်တပြတ် အပြုံးတစ်ခုကို တင်ကာ
""ပြောစရာမရှိပဲနေမလား .. ငါ့မှာနင့်အတွက် ပြောစရာ စကားလှလှလေးတွေ အများကြီး .. နင်သာ နားထောင်ပေးရင်ပေါ့""
အနောက်မှ ရတီဖက်ကို မျက်နှာလှည့်ကာ ခြေလှမ်းကို ရှေ့သို့ နောက်ပြန်လျှောက်ရင်း ပြောင်စပ်စပ်ပြောတော့
""နင်ရူးချင်ယောင်ဆောင်မနေနဲ့..ငါ့အတွက် နင်မှာထားတဲ့ ဖိနပ် ဘယ်မှာလဲ""
ရတုကပုခုံးတွန့်လျှက် ပေါ့ပျက်ပျက်နှင့်
""ခွေးဆွဲသွားလို့ မရှိတော့ဘူး""
ရတီမျက်နှာတင်းသွားပြီး
""ဖိနပ်ကိုချီပြီးအတူနေခွေးထီးဆီကို ပေးလိုက်တာလည်း ထည့်ပြောလေ . ခွေးကောင်ဒီပါ""
ဒီပါ ခြေလှမ်းတို့ကို ရပ်ကာ သူ့ဆီသို့ လျှောက်လာသော ရတီကို သူ့ရှေ့ထိရောက်အောင်စောင့်နသေည် .. ရတီက သူ့ရှေ့မှာ ရပ်ကာ သူ့မျက်နှာကို စိုက်ကြည့်နေတော့
""ဖိနပ်လေးတစ်ရံအတွက်နဲ့ ဒီလောက်အထိပြောဖို့လိုလို့လား""
""ငါက ဖိနပ်လေးတစ်ရံအတွက်နဲ့ ပြောနေတယ်ထင်လို့လား .. ဘယ်လိုဖြစ်နေကြတာလဲ .. နင်ရောမောင်ရော အဲ့ဒီ့ကြည်နူးနေနိုင်တစ်ယောက်အတွက် နဲ့ ငါ့ကို ဘာလို့ စိတ်ထိခိုက်အောင်လုပ်နေကြတာလဲ""
ရတီရဲ့လက်သီးဆုပ်တို့ ရတုရဲ့ရင်ဖက်ပေါ်ကို ကျရောက်လာသည် ..ငိုနေသော ရတီကို ရတုရင်ခွင်ထဲ သိမ်းကြုံးဖက်ထားလိုက်ရင်း
""နောက်မဖြစ်စေရပါဘူး .. ရတီ .. ငါမှားသွားပါတယ် ... နောက်တစ်ခါ မဖြစ်စေရတော့ပါဘူး""
""နင့်ဘ၀မှာ ငါ့ကို နံပါတ်တစ်ထားပေးပါ .. ငါ့တစ်ယောက်တည်းအတွက်ပဲ ရတုဆိုတဲ့နင် တည်ရှိပေးပါ.. နင်ပါ င့ါအနားမှာ မရှိတော့ရင် ငါရူးမှာ""
YOU ARE READING
Waking Love UP
Teen FictionThis story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလို စတယ် .......? UNICODE ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလို စ...