EP-8

40K 3.8K 175
                                    

ကျောင်းစတတ်တတ်တဲ့နေ့ .. စာသင်မှာမဟုက်သေးပဲ ကျောင်းသားအချင်းချင်း ဆူညံ့ပွက်လောရိုက်နေမှာ သိတာကြောင့် တမင် ကျောင်းရဲ့ချောင်တနေရာရာမှာ ခွေခေါက်အချိန်ဖြုန်းပြီး အတန်းတတ်စာရင်းခေါ်ခါနီးအချိန်ကျမှ အပေါ်တတ်ခဲ့သည် .. လှေကားတတ်နေရင်း ဒုတိယအထပ်ရောက်တော့ အပေါ်ဆုံးထပ် Corridor ထောင့်ချိုးကနေ ဆင်းသက်လာတဲ့ အမှိုက် တစ်စ .. မင်းမြတ်ခေါင်းပေါ် တည့်တည့်ကျလာတာကြောင့် ဖမ်းယူပြီး ကြည့်တော့ နို့ကွက်ကီးမုန့်ပိစိ အိတ်ခွံလေး

အပေါ်ထပ်ကို မော့ကြည့်တော့ လွယ်အိတ်တွေကောက်လွယ်ပြီး နေရာကနေ ထ ထွက်သွားတဲ့ကောင်လေး .. ၀ရံတာထောင့်ချိုး လက်ရန်းဘောင်တွေကြောင့် မျက်နှာတော့ သေချာမမြင်ရ .. လွယ်အိတ်နီနီရဲရဲလေးကိုပဲ ထင်းခနဲ မြင်လိုက်သည် ..စည်းကမ်းမဲ့ကြောင်း သက်သေအမှိုက်စကို ကိုင်လျှက် သကောင့်သားကို ဆုံးမမလို့ မောင်းတင်ပြီးအပေါ်ထပ်တတ်တော့ သကောင့်သားလေးက S1အခန်းရှေ့မှာ.. ကုတ်ချောင်းကုတ်ချောင်းနဲ့ အခန်းထဲကိုလည်း မ၀င်သေးပဲ ကေသနေတဲ့ ငလက်မလေးးး S1ခန်းကပဲလားးး...

ရှိစေတော့ .. တစ်ခန်းထဲကောင်တွေဆို သိပ်စကားတွေအထွေအထူး များများစားစားမပြောချင်တာကြောင့် ထိုအမှိုက်အိတ်လေးကို ဘောင်းဘီအိတ်ကပ်ထဲ ထိုးထည့်ပြီး အခန်းထဲဝင်ဖို့ပဲ ပြင်လိုက်တယ် .. အခန်းထဲ Teacherရှိနေသည် ..  သကောင့်သားလေးအနောက်က လိုက်ဝင်မယ်လို့ တွေးထားပေမဲ့ ကျေးဇူးရှင်က အခန်းထဲတော်တော်နဲ့ မ၀င်နိုင်သေးပဲ သူခိုးချောင်းချောင်းနေသည် .. အခန်းထဲကောင်မလေးတစ်ယောက် မင်းမြတ်ကို မြင်သွားတာကြောင့် မင်းမြတ်ဆက်ရပ်နေဖို့ မသင့်တော် .

တော်ကြာ ဒီကြောင်တောင်တောင်ကောင်လေးနဲ့တစ်ပေါင်းတည်း တစ်သင်းထဲ ထင်သွားကာမှ Cool Gay image ကို ထိခိုက်လိမ့်မယ် .. သို့သော်လည်း လူကြီးလူကောင်းတို့စံကို နလုံးမူပြီး ထိုကောင်လေးအား သည်းခံစောင့်ဆိုင်းခဲ့ပါသေးသည် .. ဘာတွေများကြည့်စရာရှိလို့ အခန်းဝမှာ ခေါင်းတစ်လုံးပြူပြီး ခါး ကုန်းကုန်း ကုန်းကုန်းနှင့် ကြည့်နေပါသလဲလို့ မင်းမြတ်ပါ သိချင်စိတ်နှင့် အခန်းထဲကို သူနဲ့အတူ လိုက် ကဲ ကြည့်ပေမဲ့ ဘာမှ အထွေအထူးဖြစ်နေတာမရှိ .. အားလုံးက ပုံမှန်အတိုင်းးးးးး 

Waking Love UPWhere stories live. Discover now