EP-13

40.5K 3.7K 471
                                    

ရတု ရတီနှင့်စကားပြောနေတုန်း ရတီအကြည့်က အခန်းတံခါးဝကို စိုက်ကြည့်နေတာကြောင့် ရတီကြည့်နေတာကို ရတုလိုက်ကြည့်တော့ ..

မြန်မာစာအထူးထုတ်စာအုပ်အထူကို လက်တစ်ဖက်ကကိုင်ပြီး မျက်လုံးမခွာ စိုက်ကြည့်လျှက် ပါးစပ်ကတတွတ်တွတ်နှင့် အခန်းထဲကို ၀င်လာသည် . ပွစိပွစိရေရွတ်နေသည့် ပါးစပ်ထဲကို အသားချောင်းပေါင်မုန့်ကလည်း ထိုးသွင်းနေသေးတာ .. အခန်းထဲကဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အရေးမလုပ်ပဲ စာအုပ်ကိုသာ သဲသဲမဲမဲကြည့်နေသည် ..

နေလင်းကလုပ်နေကျအတိုင်း အခန်းထဲဝင်လာသော ကြည်နူးကို ခလုတ်တိုတ်ချော်လဲစေရန်အကြံနှင့် ကြည်နူးရှေ့တွင် ခြေထောက်ကို ကန့်ထားတော့ ကြည်နူးက နေလင်းခြေထောက်ကို ကျော်ကာ နောက်ပြန် သူ့ခြေထောက်နှင့် ပြန်ကန်ပစ်လိုက်သည် .. နေလင်းက အကန်ခံရလို့ နာသွားသော ခြေထောက်ကို ကိုင်လျှက် တအားအားဖြစ်နေသည် .. .. ကြည်နူးကတော့ မျက်နှာနှင့်စာအုပ်ကို လုံးဝမခွာ ..

သူ့ရှေ့ခုံကို ကျော်သွားပြီးမှ နောက်ပြန်ဆုတ်ကာ

""မင်းက နေရာပြောင်းသွားတာ မဟုက်ဖူးလား""

နောက်ဆုံးခုံက မင်းမြတ်နေရာကို တစ်ချက်မျက်စပစ်ပြီးမေးသည် ..

ဒါကျ .. သူစိတ်ဝင်စားသလား ...

""အဲ့နေ့က ငါနေသိပ်မကောင်းလို့ အိပ်ချင်တာနဲ့ ချောင်ကျကျ မင်းမြတ်နေရာမှာ ခဏလဲလိုက်တာပါ""

""အော်""

ကြည်နူးကိုလှမ်း ကြည့်လာသော မင်းမြတ်ကို ဂရုမစိုက်ပဲ ကိုယ့်နေရာကိုယ်ထိုင်ကာ စာအုပ်ကိုပဲ ပြန်ကြည့်ရင်း ပေါင်မုန့်ကို စားနေသည် ...

""Aigoo! ငါတို့ကျောင်းရဲ့ဂုဏ်ကိုဆောင်မဲ့ ဂုဏ်ထူးရှင်လေးလား .. ""

ကြည်နူးရဲ့စာရေးခုံပေါ် တင်ပါးလွှဲထိုင်ရင်း ရတုရဲ့ရန်ဆောင်စကား

""စာရေးခုံက ထိုင်ဖို့မဟုက်ဘူး .. ငါ့ကို အားမနာရင်တောင် ကျောင်းသားတစ်ယောက်အနေနဲ့ စာရေးတဲ့ခုံကိုတော့ ရိုသေသင့်တယ်""

ရတုကို မကြည့် စာအုပ်ကိုသာ အာရုံစိုက်နေရင်း မုန့်ကိုကိုက်လျှက် ကြည်နူးက ခပ်အေးအေးတုံ့ပြန်သည် .. ကြည်နူးဖတ်နေသော မြန်မာစာစာအုပ်ကို ရတု ပိတ်လိုက်တော့မှ ကြည်နူးရဲ့ မျက်နှာမော့လာသည် ..

Waking Love UPWhere stories live. Discover now