EP-19

37.9K 3.9K 316
                                    

ကျောင်းဆင်းပြီး မင်းမြတ် စာကြည့်တိုတ်ဝင်ပြီးနောက် ဂိတ်ဝကို သွားရာလမ်းတွင် ကျောင်းဝင်းထဲအလျင်စလိုပြေးဝင်လာသော ဒီပါက မင်းမြတ်ကို ၀င်တိုတ်သွားသည်။ မင်းမြတ်ကိုတစ်ချက် ပြန်လှည့်မကြည့်သွားသည့် ဒီပါက အရေးတကြီးဖြစ်နေသည်။ ကျောင်းဆင်းပြီးတာအချိန်အတော်အသင့်ကြာပြီ ဖြစ်တာကြောင့် လမ်းလဲရှင်း လူလဲရှင်းရဲ့သားနဲ့ မင်းမြတ်ကို တည့်တည့်ကြီး ပက်ပင်းဝင်တိုတ်သွားသည်။

ရတုက နဂိုထဲက သူ့ကြောင့် တစ်ပါးသူဘာဖြစ်ဖြစ် စိတ်မ၀င်စားသူမို့ ရတုကို မင်းမြတ် အပြစ်မဆိုပဲ ကိုယ့်လမ်းကို ကိုယ်ဆက်လျှောက်လိုက်သည်။

""အကိုလေး ဒီနေ့ နောက်ကျတယ်နော်""

""ဟုက်ကဲ့ စာကြည့်တိုတ်ဝင်နေလို့""

အလိုက်တသိကမ်းလာသော လက်ထဲကို ကျောမှာပိုးထားသော ကျောပိုးအိတ်အား လွှဲပြောင်းပေးလိုက်သည်။ တံခါးအဆင်သင့်ဖွင့်ထားသော ကားနောက်ခန်းထဲကို ၀င်ရန်ပြင်စဉ် ကျောင်းရှေ့ညောင်ပင်ကြီးအောက်မှာ ကျောင်းဝင်းထဲကို မျှော်ကြည့်ကာ မတ်တပ်ရပ်နေသော အမျိုးသမီးတစ်ဦးကို မြင်မိသည်။

စိတ်ထဲမှာထိုအမျိုးသမီးကို မြင်ဖူးသလိုရှိပေမဲ့ အတိအကျ စဉ်းစားလို့မရတာကြောင့် မင်းမြတ် အထွေအထူးမတွေးတော့ပဲ ကားထဲဝင်ထိုင်လိုက်သည်။ ဖုန်းကိုဖွင့်လျှက် Online English လေ့လာနေတုန်း တွေ့ခဲ့သောအမျိုးသမီးကို အတိအကျ အမှတ်ရလိုက်ခြင်းနှင့် အနောက်က တစ်စုံတစ်ယောက်လိုက်လာသလို ကျောင်းထဲကို အလောတကြီး ပြေးဝင်လာသောရတုကို ဆက်စပ်မိလိုက်သည်။

""ဦးလေး ကားနောက်ပြန်လှည့် .. ကျောင်းကို ပြန်သွားပေးပါ.. ကျွန်တော် ကျန်ခဲ့တာရှိလို့""

ကျောင်းရှေ့မှာ ကားရပ်လိုက်သည်နှင့် မင်းမြတ် ကားပေါ်မှ ဆင်းကာ ဂိတ်စောင့်ဦးလေးကြီးကို ကျောင်းသားကဒ်ပြပြီး ကျောင်းထဲသို့ ပြေးဝင်လာခဲ့သည်။

-----------

ကျောင်းဆင်းပြီးချိန် ကျောင်းသားများမရှိသော ကျောင်းဆောင်ကြီးမှာ တိတ်ဆိတ်နေသည်။ ခိုငှက်ညည်းသံတွေသာ ကြားနေရသည်။ ဒီနေ့က ကြည်နူးနေနိုင်တို့အသင်း သန့်ရှင်းရေး တာဝန်ကျတာကြောင့် ညနေပိုင်းတာဝန်ယူထားသော ကြည်နူးမှာ ကျောင်းဆင်းချိန် အခြားကျောင်းသားများ ပြန်သော်လည်း မပြန်နိုင်သေးပဲ သန့်ရှင်းရေးလုပ်နေရသည်။

Waking Love UPWhere stories live. Discover now