ဘေးမှာ စားခွက်သောက်ခွက်တွေ အစုံအလင် ၀န်းရံနေသည်။ snacks ကို ပါးစပ်ထဲသွင်းနေပေမဲ့ မျက်လုံးက ဖုန်းကို စိုက်ကြည့်နေသည်။
အလှုနေ့က သောက်သောက်လဲ ၀င်ခဲ့သော miscalled များ, Messages များက အခုမူ ဆက်သွယ်သူ မဲ့နေသည်။ Operators များမှ ပေးပို့သော Promotion Message ကလွဲ ဘာ Message မှ မ၀င်သလို အ၀င်ဖုန်းလည်း နတ္ထိ။
ဖုန်းလိုင်းပျက်တောတ်နေသလား အတွေးဖြင့် ဖုန်းတိုင်ကို စစ်ရတာ အမော။ အိမ်ခန်းထဲအောင်းနေရင် ဆက်သွယ်သူအား ဆက်သွယ်မှု့ဧရိယာပြင်ပ အော်နေမှာစိုးလို့ လေ၀င်လေထွက် ကောင်းသောနေရာမှာ ရွေးထိုင်သည်။ အိမ်ပြတင်းပေါက်တံခါးတွေအကုန် ဖွင့်ထားပြီး လိုက်ကာစပါ လှပ်ထားသည်။
သို့သော် ဖုန်းသံမကြားရ။
ရင်ဘတ်အောက် ခေါင်းအုံးခု,၀ပ်လျားမှောက်နေနေရာမှ အချိန်ကြာလာတော့ ညောင်းလာသည်။ ထို့ကြောင့် ကုန်းထပြီး ဆောင့်ကြောင့်ထိုင်သည်။ ဘာမှ မထူးခြားသော ဖုန်းကို စိတ်ပျက်လက်ပျက်ဖြင့် ကြမ်းခင်းပေါ် လျှောပစ်ချလိုက်သည်။
ဟက်ခနဲ တစ်ချက်လှောင်ရယ်ပြီး
""ငါ့ကို စာမလာ၊ ဖုန်းမဆက်။ ပြတ်တယ်ဆိုတဲ့ သဘောလား ... သောက်ကောင်""
ခပ်တိုးတိုးကြိတ်ဆဲပြီး စိတ်အလိုမကျစွာ ခြေထောက်နှစ်ချောင်းကို ဆောင့်ခါလိုက်သည်။ ပဲစိမ့်ကြော်ကို ကောက်ဝါးသော်လည်း ၀မ်းနည်းစိတ်က ဖျောက်မရ။
သုံးရက်ရှိပြီ။ ဆေးခန်းမှာ ပြောဆိုပြီး မင်းမြတ်နဲ့ အဆက်အသွယ်မလုပ်တာ။
သောက်ကောင်က .... သောက်ချိုးတစ်စက်တလေမှ မပြေ။
သူ့အကောင်ပျောက်တုန်းက ဖုန်းတဂွမ်ဂွမ်ဆက်ခဲ့လေသမျှ အခု ငါစိတ်ဆိုးနေတာကျတော့ ဖုန်းဆက်ဖို့အရေး ဒင်းလက်ကို ဘိလပ်မြေဖို့ထားသလား ...ကြည်နူး နည်းနည်းလေးမှ စိတ်မကြည်။
ဒီလိုနဲ့ပဲ ပြီးသွားမှာလား။
ဒူးခေါင်းပိုက်ထိုင်လျှက် ဒူးပေါ် မေးတင်ကာ ခေါင်းမှောက်နေသည်။
""ဖုန်းဆက် ... ဖုန်းဆက် ... ဖုန်းလေးသာ ဆက်လိုက်။ ကျန်တာ ငါဆက်ပြောမယ်။ မှားနှိပ်တာဖြစ်ဖြစ် ဘာဖြစ်ဖြစ် ငါ့ဖုန်းကို ခေါ်သာ ခေါ်လိုက်။ ၀င်တယ်ဆိုရုံ တန်းချပစ်လည်းရတယ်။ တမင်မဟုတ်တဲ့ Miscalled ဆိုလည်း ငါအဆင်ပြေတာကြောင့် ဖုန်းအ၀င်သာ ၀င်လိုက်စမ်း ""
YOU ARE READING
Waking Love UP
Teen FictionThis story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလို စတယ် .......? UNICODE ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလို စ...