""ကြည်နူးနေနိုင် .. ဘယ်နေ့ မိဘခေါ်လာမှာလဲ""
မနက်တိုင်း ဆရာမမေးနေကျ မေးခွန်း။ ဖြေနေကျအတိုင်းပဲ ဖြေရတော့မှာပေါ့
""မနက်ဖြန်ပါ ဆရာမ""
""မနက်ဖြန် မနက်ဖြန် နဲ့ မကုန်ဆုံးနိုင်တဲ့ မနက်ဖြန်တွေကို ရွေ့နေတယ်.. မနက်ဖြန် ပါ မလာရင် အိမ်ကို ငါကိုယ်တိုင် တိုင်စာပို့ပြီး ရုံးခန်းကိုခေါ်မယ်""
ကြည်နူးခေါင်းငုံ့နေမိသည်။
စာမေးပွဲကျလို့ မေမေ့ကို ကျောင်းကို မခေါ်လာနိုင်ဘူး...
----------
ရှေ့ကဆရာမက စာရှင်းပြနေသော်လည်း ပါးစပ်ထဲ ပလုတ်ပလောင်းနှင့် မုန့်ခိုးစားကာ စာအုပ်ထဲမှာ ပုံလျှောက်ခြစ်ရေးနေသော ကြည်နူးကို အနောက်မှ ဒီပါကြည့်နေသည်။ ကြည်နူးနဲ့ရတီပြသနာတတ်ကထဲက ကြည်နူးအနားကို ဒီပါမသွားဖြစ်။ ရတီ့ကြောင့် မသွားရဲတာမှန်လိမ့်မည်။ မျက်စိရှေ့မှာ ရှိနေသော ပုပုလုံးလုံး ကြည်နူးကို သူအသဲယားလွန်းလို့ ဆောင့်ကန်တာပဲဖြစ်ဖြစ် တစ်ခုခု လုပ်ပစ်ချင်သည်။ စိတ်ရှိတိုင်း မလုပ်ရတော့ ကိုယ်တွေလက်တွေ ကိုက်ခဲနေသည်။ နေလို့ထိုင်လို့မကောင်း။ မျက်နှာကြီးစူပုတ်လျှက် စာရေးခုံပေါ် ခေါင်းမှောက်အိပ်နေလိုက်တော့သည်။
----------
ကြည်နူးထမင်းစားပြီး ဒုတ်ချောင်းချိုချဉ်လုံး ငုံလျှက် အခန်းကိုပြန်သော လမ်းမှာ လှေကားကိုအတတ်၊ ဘယ်ကနေပေါ်လာမှန်းမသိသည့် ရတုက ကြည်နူးလက်ကို ဆွဲကာ ကျောင်းဆောင်အပြင် ကျောင်းဝန်းထဲကို ဆွဲခေါ်သွားသည်။ တရွတ်မတိုတ်ရုံ ဆွဲခေါ်ရာနာက် ကြည်နူး ရုန်းရင်းဆန်ခတ် ပါလာရင်း လူရှင်းသည့် အုတ်ခုံအနားရောက်တော့ ရတုက ကြည်နူးလက်ကို လွှတ်လိုက်သည်။
""လူရမ်းကားကောင် .. ငါ့ကို ဘာလုပ်ဖို့ ခေါ်လာတာလဲ.. မင်းကြောင့် ငါ့လက်နာသွားပြီ.. လုပ်လိုက်ရင် အကြမ်းပတမ်းနဲ့..""
ရတုကြောင့် နီရဲနေသော လက်ကောက်ဝတ်ကို ရတုရှေ့ထိုးပြကာ မျက်ခုံးတန်းလေးနှစ်ဖက် ထိစပ်လုမတတ် မျက်မှောင်ကြီးကြုတ်ထားသည်။ပိုက်လေးတန်းလန်းနှင့် ချိုချဉ်လုံးကို ငုံထားတာကြောင့် နှုတ်ခမ်းလေးက စိုရဲနေသည်။ ရတု သဘောကျစွာ ရယ်ရင်း ကြည်နူးရဲ့ ပါးဖောင်းဖောင်းနှစ်ဖက်ကို အားရပါးရဖျစ်ညှစ်ဆွဲရမ်းပစ်သည်။
YOU ARE READING
Waking Love UP
Teen FictionThis story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလို စတယ် .......? UNICODE ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလို စ...