EP-46

30.1K 3.3K 751
                                    

အာရာရားလက်ကို အားဖြင့်ဖျစ်ညှစ်လျှက် တောတ်လျှောက် ဆွဲခေါ်လာသည်။ လူရှင်းသောနေရာရောက်မှ အာရာရားလက်ကို မင်းမြတ်ဆောင့်ချလွှတ်ပေးသည်။

""မင်း .. တကယ်ပဲ မုန်းဖို့ကောင်းအောင် လျှောက်လုပ်နေတော့မှာလား""

နာသွားသောလက်ကောက်ဝတ်ကို အာရာရား အသာဖျစ်ညှစ်ရင်း

""ချစ်ဖို့ကောင်းအောင် လုပ်နေတုန်းကရော ... အားဂူးးးး ငါ့အာရာရားလေးက ချစ်ဖို့ကောင်းလိုက်တာလို့ ဘယ်နှခါ အသိအမှတ်ပြုပေးခဲ့လဲ ဒါလင်""

အာရာရားကို မင်းမြတ် စူးစူးနစ်နစ်ကြည့်ပြီး စုတ်တစ်ချက် သပ်လိုက်သည်။

""မင်းအကွက်တွေက ကလေးဆန်လွန်းတယ်""

""ဟုတ်ပါတယ် ... တို့သုံးတာ ကလေးဆန်ဆန် သူငယ်နာမစင်တဲ့ အကွက်တွေပါ။ ဒါလင်က လူကြီးဆန်ဆန် ပညာသားပါပါ အကွက်စုံထုတ်ကစားသွားတာ""

""ငါနဲ့ကြည်နူးကိုခွဲဖို့သုံးမဲ့ မင်းရဲ့ဦးနှောက်ကို ဒီပါ့လက်ထဲက Video File အရယူနိုင်ဖို့အတွက် အသုံးချသင့်တယ်။ အဲ့ဒါကမှ ငါကမင်းအတွက်ဖြစ်လာမှာ""

အာရာရားက မဲ့ပြုံးတစ်ချက်နှင့်

""တော်ပါ ...  ဒါလင်။ တို့ကို ရတုဆီ ထိုးကျွေးပြီး ဒါလင်နဲ့ကြည်နူးအတွက် အချိန်တွေဆွဲဖို့ မကြံနဲ့။ တို့အားလုံး သိပြီးပြီ""

""မင်းသိထားတဲ့ အားလုံးက ဘာတွေဖြစ်ဖြစ် ငါစိတ်မ၀င်စားဘူး။ သေချာတာ ဒီပါ့လက်ထဲက Videoကသာ ငါ့ကို ထိန်းချူပ်နိုင်မယ်""

မင်းမြတ်စကားကို အာရာရားက ပျက်ရယ်ပြု လှောင်ရယ်လျှက်

""ဟုတ်မှာပါ .. အဲ့ဒါကြောင့် ကြည်နူးနေနိုင်ထိန်းချူပ်သမျှ ရှင်က မတရားခံနေရတာလေ""

""မဆိုင်တဲ့လူကို ဆွဲမထည့်နဲ့""

""ဟွန်း ... ရတုနဲ့တို့ကို လက်တစ်လုံးခြား လှည့်စားပြီး ကြည်နူးနဲ့ Video ကို တချက်ထဲ သိမ်းသွားနိုင်တာ။ သုံးသွားတဲ့ အကွက်လေးတွေ သိပ်လှတယ် ဒါလင်""

မခံချိမခံသာ ဖြစ်နေသော အာရာရားမျက်နှာကို မင်းမြတ် သေချာစိုက်ကြည့်လျှက်

Waking Love UPWhere stories live. Discover now