EP-30

33.9K 4K 1.1K
                                    

ရေကူးပြိုင်ပွဲပြီးသည့်နေ့ ညခင်းမှာ....

မင်းမြတ်အိမ်ရှေ့တွင် ဒီပါ့ဆိုင်ကယ်ရပ်ထားသည်။

""ဒီပါ!""

မင်းမြတ်ရှေ့ကို ဒီပါလျှောက်လာသည်။

""အချိန်တွေကြာသွားပေမဲ့ မင်းသောက်ကျင့်တွေကတော့ အရင်အတိုင်းပဲနော်""

""မင်း နေ့လည်က ""

""မှန်တယ် .. နှစ်တွေ အများကြီး ကြာပြီးမှ မင်းပြိုင်ပွဲကို ငါထပ်ကြည့်ဖြစ်ခဲ့တယ်။ ငါ့နောက်ဆုံးကြည့်ခဲ့တဲ့ မင်းပြိုင်ပွဲလိုပဲ။ မင်းအောင်မြင်မှု့က လက်ခုပ်တီးပေးဖို့ မတန်ဘူး""

""အဲ့ဒီ့အကြောင်းပြောဖို့ဆိုရင် ဖယ်တော့""

ရှေ့မှာ ပိတ်ရပ်နေသော ရတုကို တွန်းဖယ်ပြီး စက်ဘီးကို တွန်းကာ အရှေ့ကို ဆက်သွားခဲ့သည်။

""မင်းအကြောင်းကို ငါသိပေမဲ့ ငါတစ်ခါမှ မင်းကို အပြစ်မတင်ခဲ့သလို မဖော်ထုတ်ခဲ့ဘူး။ ငါ ကိုယ်တိုင်လဲ သူတော်ကောင်းမဟုက်လို့ပဲ။ ဒါပေမဲ့ မင်းနဲ့ငါ့ကို ယှဉ်​ရင်​​ ငါသိပ်​စိတ်​ဆိုးတယ်​။ မင်းနဲ့ယှဉ်​​ပြောစရာမလို​အောင်​ မင်းထက်ငါက ပိုမြင့်မြတ်တယ်။ ငါကပေါ်တင်ယုတ်တာ မင်းက အရေခြုံထားပြီး အတွင်းစိတ်ကောက်ကျစ်တာ""

""ချီးကျူးတဲ့အတွက် ကျေးဇူးပဲ""

""အရင်ကရော အခုရော မင်းက ရွံဖို့ကောင်းတုန်းပဲ။ နောက်ကြောင်းပြန်လို့ရရင် မင်းနဲ့သူငယ်ချင်းဖြစ်ခဲ့တဲ့ ငါ့အတိတ်ကို ပြန်ပြင်ချင်တယ်။ ငါမင်းကို သိပ်မုန်းတယ်""

မင်းမြတ်ကိုင်ထားသည့် စက်ဘီးကို ဗုန်းကနဲ ပစ်ချပြီး ရတုဖက်ကို လှည့်လာသည်။

""သောက်ကြီးသောက်ကြယ်တွေ ပြောမနေနဲ့။ ​​ဘေးလူကြားရင်​ အတိတ်မှာ မင်းက င့ါအပေါ်သိပ်ကောင်းခဲ့တယ်လို့ ထင်နေလိမ့်မယ်။ မုန်းလေ ... မုန်း .. မင်းကြိုက်သလောက်မုန်း။ မင်းတစ်ယောက်ထဲ ငါ့ကို မုန်းနေတာမဟုက်ဘူး။ ငါလည်း မင်းမုန်းတာထပ်မလျှော့တဲ့ အမုန်းမျိုးနဲ့ မင်းကိုမုန်းတယ်။ မင်းကိုယုံကြည်ပြီး ပုံအောခဲ့သလောက် ငါ့ကို စွန့်ပစ်ခဲ့တဲ့မင်းကို သတ်ပစ်ချင်လောက်အောင် မုန်းတယ်။ မင်းသာငါ့ကို နားလည်ပေးခဲ့ရင် င့ါဖြစ်တည်မှု့ကို လက်ခံပေးရင် မင်းသာငါ့ကို မစွန့်ပစ်ခဲ့ရင် .... ငါ .. ငါ""

Waking Love UPWhere stories live. Discover now