From Arr_Sheng to Wlu's lvr

53.7K 3.5K 943
                                    

ညီမတစ်ယောက်ရဲ့ အကူအညီနဲ့ အမေးအဖြေပုံစံ လုပ်ထားပါတယ်။
တစ်ယောက်ထဲပြောနေသလိုဆို နည်းနည်း ကြောင်နေသလားလို့ အဖော်ခေါ်ထားတာပါ။
(Typingကတော့ Arr_Shengပဲပေါ့ -_- )
အမေးများတဲ့ မေးခွန်းနဲ့ ကျွန်တော်ပြောပြောပြောချင်လွန်းတာကို စုဆောင်းဖော်ပြထားပါတယ်။
(ဘာပဲဖြစ်ဖြစ် ဖတ်ကြည့် .. အပျင်းပြေတာပေါ့)

G- Author Arr_Sheng မင်္ဂလာပါနော်

S- ဟုတ်ကဲ့ မင်္ဂလာပါ။ (အလဲ့ intro လေးနဲ့)

Q - WLUကို စရေးဖြစ်ခဲ့တဲ့ အကြောင်းက ဘာဖြစ်မလဲ?

A - ဆယ်ကျော်သက် ပေါ့ပေါ့ပါးပါး ကျောင်းသားအချစ်ဇာက်လမ်းမျိုးကို ရေးချင်ခဲ့တာပါ။ ကိုယ်တို့ ဘ၀မှာ ကျောင်းသားဘ၀အမှတ်တရက ဘယ်တော့မှ ပြန်မရနိုင်သလို ဘယ်အချိန်မဆို ပြန်တွေးလိုက်တိုင်း အမြဲနုပျိုနေတဲ့ အမှတ်တရတွေပါပဲ။ ကိုယ့် state ကျောင်းသားဘ၀တုန်းက ကြုံတွေ့ခဲ့ရတဲ့ အမှတ်တရတွေကို ချဲ့ကားပြီး WLUကို ဖန်တီးခဲ့ပါတယ်။

Q - ဒေါ်အေးရီနိုင်ရဲ့သား ကြည်နူးနေနိုင်၊ ဦးကောင်းစံမင်းမြတ် နဲ့ ဒေါ်စောမြသီတာရဲ့ သား စောသီဟမင်းမြတ်၊ ဦးဇမ္ဗူရှင်းဒီပါရဲ့ သား ရတုရှင်းဒီပါ၊ ဆူးရတီလင်း၊ အာရာရား ခေါ် ရှန်ထိုက်ဇေ။ ဇာက်ကောင် နာမည်တွေအားလုံးက အချိတ်အဆက်မိမိနဲ့ လှပဆန်းသစ်ပါတယ်။ ဘယ်လိုကနေ အဲ့လိုနာမည်မျိုး ပေးဖြစ်ခဲ့လဲ ?

A - ဇာက်လမ်းတစ်ခုမှာ လူစိတ်ဝင်စားစေဖို့ ဇာက်ကောင်နာမည်က အရေးပါပါတယ်။ ရိုးရှင်းတဲ့ နာမည်တွေထက် ဆန်းသစ်တဲ့ နာမည်တွေနဲ့ စာဖက်သူကို စဖတ်လာစေဖို့ ဆွဲဆောင်ချင်တာပါ။ ကိုယ့်နာမည်ရင်းကို မကြိုက်တိုင်း သူများနာမည်လှလှ၊ဆန်းဆန်းလေးတွေကို မှတ်ထားလေ့ရှိတဲ့ ကိုယ်က ဇာက်လမ်းမှာ နာမည်ဆန်းဆန်းတွေ သုံးဖြစ်တာ မထူးဆန်းပါဘူး။

Q - WLU ရဲ့ အားနည်းချက်က ဘာဖြစ်မလဲ?

A - ဇာက်လမ်းနောက်ခံအားနည်းတာပါ။ ရန်ကုန်မြို့ကို မသုံးချင်တဲ့ ကိုယ်က အေးချမ်းတဲ့ တောင်ပေါ်မြို့ဖြစ်တဲ့ ပြင်ဦးလွင်ကို နောက်ခံ သုံးထားတယ်။ ဒါပေမဲ့ ပြင်ဦးလွင်နဲ့ မရင်းနှီးတဲ့ ကိုယ်က ပြင်ဦးလွင်မြို့ရဲ့ ပြယုဒ်တွေကို ထည့်မသုံးနိုင်ခဲ့ဘူး။ အဲ့ဒီ့အတွက် စိတ်မကောင်းပါဘူး။

Waking Love UPTahanan ng mga kuwento. Tumuklas ngayon