EP-56

33.8K 3.4K 963
                                    

""ရတုနဲ့ အဆက်အသွယ်မရဘူးလား""

""အင်း .. ဘယ်လိုမှ ဆက်သွယ်လို့မရဘူး အာရာရား။ ဒဏ်ရာအရမ်းဆိုးနေလားမသိဘူး။ ငါဘန်ကောက်ကို လိုက်သွားရင် ကောင်းမလား""

ရတီက လွန်လွန်ကျူးကျူးစိုးရိမ်နေသည်။ ပြောနေရင်း ချက်ချင်း ထိုင်ငိုချတော့ပုံ။

ကျစ်! အဲ့ဒါတွေ ရတုကို မကြိုက်တာ။ ရှင်းစရာရှိတာ မရှင်းပဲ ရှောင်နေတယ်။ ဒီလိုရှောင်နေတိုင်း ပြသနာက ပြီးသွားမှာမဟုတ်တာ သိသင့်တယ်။ မဖြစ်သေးပါဘူး ... ငါဝင်ပါမှ ဖြစ်တော့မယ်။

စေ့စပ်ပွဲကိုအလာ လမ်းမှာ ရန်ငြိုးရှိခဲ့သူတို့က ရန်စသောကြောင့် ရန်ပွဲဖြစ်ပြီး ရတု အချူပ်ကျခဲ့သည်။ ထိုကြောင့် စေ့စပ်ပွဲကို အချိန်မှီမရောက်လာနိုင်ခြင်းဖြစ်သည်ဟု ကောက်ချက်ချပြီး ရတုအပြစ်က ကင်းလွတ်သွားသည်။

ရဲစခန်းမှာ ကြည်နူးနှင့်အတူ ရတုကို တွေ့ရစဉ်တုန်းက ရတုမှာ အပေါ်ယံ ပွန်းရုံ ပဲ့ရုံကလွဲ သန်သန်မာမာ၊ ဖျတ်ဖျတ်လက်လက် ရှိသေးသည်။ မင်းမြတ်က ကြည်နူးနှင့်ရတုတို့နှစ်ယောက်ကို ဆေးခန်းဝင်ပို့ပြီး အာရာရားက လူကြီးတွေအကြောင်းကြား၊ ရတီကို သွားခေါ်ခဲ့သည်။

နေ့တွင်းချင်း... နာရီပိုင်းလောက်ပါပဲ... ဆေးရုံကို လူကြီးတွေနှင့်ရတီတို့ ရောက်သွားချိန် ရတုက ထိခိုက်မှု့ပြင်းလို့ ဘန်ကောက်မှာ ဆေးသွားကုပြီဟုသာ သိလိုက်ရပြီး လူကိုမတွေ့ရတာ ဒီနေ့အထိ။ ဆက်သွယ်လို့လည်းမရ။

ရတုစကားတခွန်း နဲ့ အကုန်ပြီးသော ရတုဖခင်က သားဖြစ်သူအလိုကို လိုက်ခဲ့သည်။ ရတုတို့ဖက်က စေ့စပ်ပွဲကို ဖောက်ဖျတ်ချင်လို့ ပူပူနွေးနွေးအခြေအနေမှာ အကြောင်းပြချက်လှလှလေးဖြင့် ရတီတို့နှင့် မဆုံအောင် သက်သက် ရှောင်ထွက်သွားသည်။

လူကြီးတွေ အချင်းပွားပြီး အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်မှာစိုးလို့ အပိုစကားတွေ မပြောပဲ ရတုရဲ့လုပ်ကွက်တွေမှာ အာရာရား အလိုက်သင့် ငြိမ်ပေးခဲ့သည်။ ဘာမှမသိရှာသော ရတီအပါအ၀င် ရတီဖက်ကလူကြီးတွေကတော့ ရတုအတွက် စိုးရိမ်နေကြသည်။ 

Waking Love UPWhere stories live. Discover now