EP-39

34.3K 3.8K 815
                                    

""ကြည်နူးနေနိုင် ... ဒီကို လာစမ်း""

ဘတ်စကက်ဘောကစားကွင်းမှ ရတုက အရှေ့မှ ဖြတ်သွားသော ကြည်နူးကို လှမ်းအော်ခေါ်လိုက်ခြင်း။ 

မင်းမြတ်နှင့်မနက်ပိုင်းစာသင်ပြီး ကျောင်းခန်းကို သွားသောလမ်းရှိ ဘတ်စကက်ဘောကစားကွင်းမှာ ရတုတစ်ယောက် ဘတ်စကက်ဘောကစားနေသည်ကို အဝေးမှာကထဲက ကြည်နူးတွေ့သည်။

လူကိုတွေ့ရင် ဘာမှမယ်မယ်ရရမရှိ။ ပြသနာရှာတတ်လွန်းတာကြောင့် မျက်နှာငုံ့ပြီး မသိသလိုဖြတ်လျှောက်တာကို ရတုက တကူးတက နာမည်တပ်ပြီး လှမ်းခေါ်နေသည်။

မကြားချင်ယောင်ဆောင်နေဖို့က ရတုရဲ့ မီးရထားစက်ခေါင်းကို မြိုချထားသလား အသံပါဝါကြောင့် ပတ်ဝန်းကျင်ကကျောင်းသားတွေပင် လှည့်ကြည့်လှည့်ကြည့်ဖြစ်သွားသည်။

နို့ဘူးပိုက်ကို သွားဖြင့် ဖိကြိတ်လျှက် ကုပ်ကုပ်,ကုပ်ကုပ်နှင့် ခြေလှမ်းတို့ကို ပြေးတယ်မဆိုရုံ၊ လမ်းလျှောက်တယ်မမြည် ခပ်သွက်သွက် အရှိန်တင်လိုက်သည်။

""sandwich၀ယ်ထားတယ်""

ရီမုကွန်ထရိုးနှင့် Pause လုပ်လိုက်သည်နှယ် ကြည်နူးခြေထောက်တို့ ရွေ့လျှားမှု့တွေ ရပ်သွားသည်။

ပတ်ဝန်းကျင်ကို တောင်ကြည့်မြောက်ကြည့် ရှာသလိုဖွေသလို လုပ်ပြီး ဘောစကတ်ဘောကစားကွင်းမှ ရတုကို အခုမှ မြင်တွေ့လိုက်သည်နှယ် ၀မ်းသာအားရ လက်မြှောက်ပြသည်။

""နာမည်ခေါ်သံ ကြားပါတယ် မှတ်နေတာ ... မသေချာတာနဲ့ ဟီးးး""

မတတ်နိုင်။ ရတုဝယ်လာတဲ့ sandwichက အရမ်းစားလို့ကောင်းတာ။

သွားဖုံးပေါ်သည်အထိ သွားဖြဲပြလျှက် ရတုရှိရာကို လျှောက်လာသည်။

မျက်နှာပြောင်တိုတ်ချက်။

ရတုက လက်မှာ ကိုင်ထားသော ဘောလုံးဖြင့် ကြည်နူးရဲ့ ရင်ဖက်တည့်တည့်ကို ပစ်လိုက်သည်။ ကြည်နူးလက်ထဲက နို့ဘူးကို ထိမှန်သွားပြီး အောက်ကို ပြုတ်ကျသွားသည်။

""ငါ့နို့ ...""

နို့ရည်ဗူးက အဖြူရောင် နို့ရည်မှာ ခွေး သေးပေါက်ပြီး အရှိန်သတ်သော နောက်ဆုံးကျန်ရှိသည့် သေးတစ်စက်တစ်စက် ကျသကဲ့သို့ အားနာပါးနာနှင့် သုံးစက်လောက် ကျပြီးသည် ဇီဝိန်ချူပ်သွားသည်။

Waking Love UPWhere stories live. Discover now