EP-57

30.8K 3.2K 881
                                    

""ဦးလေးရေ့ ... ဒီည အိမ်ကို ကျွန်တော့်ရဲ့အထူးဧည့်သည် လာလိမ့်မယ်။ အိမ်ခြံ အတွင်းအပြင်ကို သေချာပြင်ဆင်ထားပေးပါ။ ဖုန်တစ်စ၊ အမှိုက်တစ်ခု မတွေ့ချင်ဘူး။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ အကုန်ထုတ်ပြထားမယ်။ နောက်ပြီး... ညစာအတွက် menuက စားလို့ရသမျှ အကုန် စားပွဲအပြည့် ပြင်ထားပေးပါ""

အိမ်တော်ထိန်းဦးလေးကို သေချာမှာပြီးနောက် ရတု ပြုံးလိုက်သည်။

""ငါဒီနေ့ည မင်းအိမ်လာလည်မယ်။ အိမ်မှာစောင့်နေပေး""

ကိုယ်ဟာ မရှိသူ,လိုနေနေရသည့် အခြေအနေနှင့် ကြောက်ပေါက်ရဲ့ ရုတ်တရက် အိမ်ကိုလာချင်သော တောင်းဆိုချက်ကြီးက တိုတ်ဆိုင်လွန်းသည်။ သို့သော် စဉ်းစားတွေဝေခြင်းအလျဉ်းမရှိ။ ဝမ်းပန်းတသာ လက်ခံမိသည်။ ထောင်ပြေးတစ်ယောက်လို နေနေရသည့် ကိုယ့်အခြေအနေကို ကိုယ်တိုင် အသိဆုံးဖြစ်ပါလျှက် အိမ်လာမည့် ကြောင်ပေါက်ကို တခမ်းတနား ကြိုဆိုဖို့ရာ ပြင်ဆင်နေသည်။

ကြွားချင်တာဆို ပိုမှန်မည်။ ကိုယ့်ပိုင်ဆိုင်မှု့တွေကို တွေ့ပြီး ကိုယ့်ကို အထင်ကြီးခံရ နည်းသလား။

ရတီကိစ္စကို သွေးအေးသည်အထိစောင့်ရန် အချိန်ယူခဲ့သည်။ ရတီတို့မိသားစုကို အပြစ်လုပ်ပြီး ဒီမြို့မှာ ရတုမရှိသင့်တာ သိသည်။ သို့သော် လူတစ်ယောက်ကြောင့် ဒီမြို့ကို မစွန့်နိုင်၊ မခွာနိုင်။

မြို့ကျဉ်းကျဉ်းလေးမှာ ကြည်နူးနှင့် အပြင်မှာ ဒိတ်ရင်း ရတီတို့ဖြင့် ဆုံလေမလား ကြောက်စိတ်ဖြင့် မလုံမလဲ ၀ရမ်းပြေးတစ်ယောက်လို ရှောင်ကာ တိမ်းကာ၊ ခိုးကြောင်ခိုးဝှက် သွားလာလှုပ်ရှားနေရသည့် ကိုယ့်အဖြစ်။

မတွေ့မနေနိုင်သည့် ကိုယ့်ကြောင်ပေါက်ကြောင့် အပြင်မထွက်လို့လည်း မဖြစ်နိုင်။

ကိုယ့်အိမ်မှာ ကိုယ်နေရင်းထိုင်ရင်း လာသမျှ ဧည့်သည်တိုင်းကို အိမ်ရှင် မရှိဟု အိမ်ထဲမှာပုန်းကွယ်နေလျှက် နှင်ရသည်။ အိမ်ရှိအလုပ်သမားအားလုံးကို အနေအထိုင်၊အပြောအဆို သွန်သင်ဆုံးမထားရသည်။ အိမ်ဖုန်းလာလည်း မကိုင်ရဲ။ ကိုယ်သုံးနေကျ ဖုန်းနံပါတ်ကို ကဒ်ဖြုတ်ပြီး ကြည်နူးနှင့်ဆက်သွယ်ဖို့ ဖုန်းနံပါတ်အသစ် ပြောင်းသည်။အပြင်သွားရင် mask၊ မျက်မှန်၊ ဦးထုပ် မပါမဖြစ်။

Waking Love UPWhere stories live. Discover now